“တော်လှန်ရေးအင်အားစုတွေကို အရေးယူမယ်ဆိုတဲ့ စစ်ခေါင်းဆောင် ခြိမ်းခြောက်မှု”
2023.03.31
ဒီတစ်ပတ်မှာတော့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ NUG/PDF နဲ့ သူတို့ကို ပံ့ပိုးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မတ်လ ၂၇ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆိုလိုက်တဲ့နောက် စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေအပေါ်မှာ ဘယ်လိုဖိနှိပ်ချေမှုန်းမှုတွေ ရှိလာနိုင်မလဲဆိုတာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးကြသူတွေကတော့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ၊ စစ်ကိုင်းတိုင်း ရွေ့လျားဆေးကုသရေးအဖွဲ့ တာဝန်ခံ ဒေါ်ရတီအုန်းနဲ့ CDM တပ်မတော်သား ဗိုလ်ကြီးထက်မြတ်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။