“စစ်ကောင်စီနဲ့ မိုခါမုန်တိုင်း”
မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်ကနေ စတင်ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့ သဲချောင်း၊ ဒါးပိုင်၊ သက္ကယ်ပြင် စတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၄၀၀ လောက် သေဆုံးခဲ့ပါတယ်။
မေလ ၁၅ ရက်နေ့အထိ RFA က ကောက်ယူထားတဲ့ စာရင်းအရ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ မုန်တိုင်းကြောင့် သေဆုံးသူ ၃၁ ဦးရှိခဲ့ပါတယ်။ စစ်ကောင်စီကတော့ အပျက်အစီးတွေနဲ့ လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ မေလ ၁၆ ရက်က သတင်းထုတ်ပြန်ထားပါတယ်။
သတင်းတွေအရ စစ်တွေက ရိုဟင်ဂျာတွေ သေဆုံးတဲ့အရေအတွက်နဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးတဲ့အရေအတွက်ဟာ အလွန်ကွာဟနေပါတယ်။ ဘယ်လိုစီမံဆောင်ရွက်သွားလို့လဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ဒီစကားဝိုင်းမှာ ကြားရမှာပါ။
ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဒုတိယဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်း၊ အမျိုးသမီး မဟာမိတ်များအင်အားစု - WAB အဖွဲ့ဝင် မအေးမြင့်အောင်အောင်နဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ကိုရိုနေဆန်းလွင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုအောင်သိင်္ခ စီစဉ်တင်ဆက်ထားပါတယ်။