“လူအများဆုံး သေဆုံးရတဲ့ ပဇီကြီး ဗုံးကြဲတိုက်ခိုက်ခံရမှု”

2023.04.14

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်း ကျေးရွာလူထုစုဝေးပွဲ ကျင်းပနေစဉ် စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကလေး ၃ဝ ကျော် အပါအဝင် လူ ၁၆၀ ကျော် သေဆုံးခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အစုအပြုံအလိုက် သတ်ဖြတ်မှုခံရမှုတွေထဲမှာ အဆိုးဝါးဆုံး အရက်စက်ဆုံးဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ပါဝင်ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်တွေကတော့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇော၊ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်၊ ကန့်ဘလူဒေသခံ ဦးကျော်တင့်နဲ့ ပြည်သူ့ရင်ခွင်အဖွဲ့က ဗိုလ်ကြီး လင်းထက်အောင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။