“နိုင်ငံတကာကိုယ်စားလှယ်တွေ စစ်ကောင်စီနဲ့လာတွေ့တာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီမလား”

2023.04.28

ပြီးခဲ့တဲ့သတင်းပတ်မှာ တရုတ်ကွန်မြူနစ်ပါတီက နိုင်ငံတကာဆက်ဆံရေး ညွှန်ကြားရေးမှူးချုပ် Peng Xiubin၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Don Pramudwinai နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Ban Ki-Moon တို့ မြန်မာပြည်ကိုရောက်လာပြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလိုရက်ပိုင်းအတွင်းမှာ နိုင်ငံတကာကိုယ်စားလှယ်တွေ ခပ်စိပ်စိပ်ရောက်လာပြီး စစ်ကောင်စီနဲ့ တွေ့ဆုံသွားတာ မြန်မာပြည်သူတွေအတွက် ဘယ်လိုအကျိုးဖြစ်လာမလဲ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ သူတွေအနေနဲ့ရော ဒီအပေါ်မှာ ဘယ်လိုသုံးသပ်နေကြလဲဆိုတာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးကြတဲ့ပုဂ္ဂိုလ်တွေကတော့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးလှုပ်ရှားမှုကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး မနှင်းနှင်းမွှေးနဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က အင်းဆားကူးတို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။