"စစ်ကောင်စီရဲ့လူသတ်ကွင်း ဖြစ်လာနေတဲ့ အညာဒေသ"

2023.03.10

မတ်လ ၂ ရက်နေ့က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တာတိုင်ရွာမှာ လူ ၁၇ ယောက်ကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။

အညာဒေသနဲ့ နိုင်ငံတစ်ဝန်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီတစ်ပတ် RFA စကားဝိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးသူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်၊ လူမျိုးတုံးသတ်ဖြတ်မှုစောင့်ကြည့်လေ့လာရေး သုတေသနအဖွဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဇာနည်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က ကိုမာဝီနဲ့ သတ်ဖြတ်မှုကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကိုဟွန်ဒါတို့ ဆွေးနွေးပါမယ်။

RFA ဝိုင်းတော်သား ကိုအောင်သိင်္ခက စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။