သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-15
မြန်မာနယ်စပ်မြို့တွေမှာ ကျယ်ပြန့်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ရန်ကုန်မြို့လယ်အထိ အခြေချလုပ်ကိုင်နေကြသလို လူငယ်တွေကို ပစ်မှတ်ထား စုဆောင်းနေပြီး ဥရောပနဲ့ အရှေ့တောင်အာရှနိုင်ငံသားတွေကို အွန်လိုင်းကနေ ငွေကြေးလိမ်လည်ဖို့ ဖိအားပေး ခိုင်းစေနေတဲ့အကြောင်းတွေ ဆွေးနွေးထားပါတယ်။
2023-09-08
စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဘာကြောင့်ဆောင်ရွက်နေရပါသလဲ၊ ဒေသခံပြည်သူတွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်ပါသလဲ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကရော ဘာတွေစီစဥ်ထားပါသလဲ စတဲ့ အချက်တွေကို ဆွေးနွေးထားပါတယ်။
2023-09-01
ဒီတစ်ပတ် RFA စကားဝိုင်းမှာ နွေဦးတော်လှန်ရေး ဘယ်ရောက်နေပြီလဲ၊ ဘယ်တော့ ပြီးမှာလဲ၊ ပြီးရင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်မှာ မြန်မာပြည်သူတွေအနေနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ခံစားရမလဲ စတဲ့ အချက်တွေကို ဆွေးနွေးတင်ပြထားပါတယ်။
2023-08-25
သြဂုတ်လ ၂၂ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာတွေဟာ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ ဘယ်လောက် ကိုက်ညီသလဲ၊ ဘယ်လို ကွဲပြားနေသလဲ၊ ဘယ်လိုအကျိုးဆက်တွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို ဆွေးနွေးထားပါတယ်။
2023-08-18
မြန်မာနဲ့ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ဆက်ဆံရေးအခြေအနေ၊ အာဆီယံရဲ့ မြန်မာအပေါ် သဘောထား၊ မြန်မာနိုင်ငံက အာဆီယံနဲ့ရော အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ ထားရှိသင့်တဲ့ဆက်ဆံရေး စတာတွေကို ဆွေးနွေးထားပါတယ်။
2023-08-11
၂ဝ၂၃ ဩဂုတ်လထဲမှာ အာဏာသိမ်းစစ်ကောင်စီဟာ ပုံစံမျိုးစုံနဲ့ အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကို သွေးခွဲဖို့ ကြိုးစားလာတဲ့ လှုပ်ရှားမှုတွေ ရှိလာပါတယ်။
2023-08-04
အာဏာသိမ်းစစ်ကောင်စီက အရေးပေါ်ကာလ ခြောက်လ သက်တမ်းထပ်တိုးပြီးနောက်ပိုင်း ကြားကာလမှာ စစ်ကောင်စီ အကျပ်အတည်းနဲ့ ဒီမိုကရေစီအင်အားစုတွေအတွက် စိန်ခေါ်မှုတွေ ဘယ်လိုရှိနေမလဲဆိုတာ ဆွေးနွေးထားပါတယ်။
2023-07-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားလိုက်ပြီဆိုတဲ့ကိစ္စ တကယ်ဖြစ်နိုင်ပါသလား… တကယ်မှန်တယ်ဆိုရင်… ပြည်တွင်းပြည်ပ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ပေါ်ပေါက်နိုင်ပါသလဲဆိုတဲ့ အချက်တွေကို ဆွေးနွေးတင်ပြထားပါတယ်။
2023-07-21
ကိုလိုနီခေတ်ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို အဆင့်မြင့်မြင့်ထားခဲ့ပေမယ့် စစ်အာဏာရှင်စခဲ့တဲ့ ၁၉၆၂ နောက်ပိုင်းမှာ အဲဒီအဆင့်တွေကို မပေးတော့သလို၊ အခုတစ်ကျော့ပြန် စစ်အာဏာသိမ်းတဲ့နောက်မှာတော့ အသတ်ခံရတဲ့အထိ ဖြစ်နေတဲ့အကြောင်း ဆွေးနွေးထားပါတယ်။
2023-07-14
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်လို့ ထုတ်ပြောလိုက်တာဟာ စစ်ကောင်စီအကျိုးအတွက် အချိန်ကိုက် လက်ဝါးချင်းရိုက် လုပ်ဆောင်မှုဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဒီအခြေအနေတွေဟာ စစ်ကောင်စီရဲ့ လားရာကို ဘယ်လိုညွှန်းဆိုနေသလဲဆိုတာ ဒီတစ်ပတ်ဆွေးနွေးထားပါတယ်။
2023-07-06
စစ်အာဏာရှင်လက်ထက် ပထမဆုံး အကြမ်းဖက်ဖြိုခွဲမှု ဖြစ်ခဲ့တဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက် အရေးအခင်းနဲ့ အာဏာသိမ်းမှု အဆက်ဆက် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ဖြိုခွဲမှုတွေအကြောင်း၊ ဒီဖိနှိပ်ဖြိုခွဲမှုတွေကနေ ကြီးမားတဲ့ လူထုအုံကြွမှုကြီးတွေဖြစ်လာခဲ့တဲ့အကြောင်းတွေကို ဆွေးနွေးထားပါတယ်။
2023-06-30
စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော် ကာလမှာတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲဖြစ်တာတွေ တိုးလာပါတယ်။ ၂၀၂၃ ခုနှစ်မှာ တိုက်ပွဲတွေက ဘယ်လောက်အတိုင်းအတာအထိ ရှိလာမလဲ၊ မြို့ပြတွေအထိ ရှိလာနိုင်မလား ဆိုတာတွေနဲ့ပတ်သက်ပြီး ဒီစကားဝိုင်းမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2023-06-23
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လမ်းပေါ်က ဆန္ဒပြလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူတွေရှိသလို လမ်းပေါ်မှာ ပန်းကိုင်ပြီး သွားလာမိလို့၊ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အာဏာရှင်ကို ဝေဖန်ရေးသားလို့၊ ပန်းပန်ထားတဲ့ ဓာတ်ပုံတွေ တင်မိလို့၊ မွေးနေ့ဆုတောင်းစာရေးမိလို့ ပြည်သူတချို့ ဖမ်းဆီးခံနေရပါတယ်။
2023-06-16
လက်ရှိဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ပြီးခဲ့တဲ့ လပိုင်း၊ ရက်ပိုင်းတွေအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ သွားရောက်တွေ့ဆုံပြီး အကူအညီတောင်းခံခဲ့တဲ့ကိစ္စကို အဓိကထား ဆွေးနွေးတင်ပြထားပါတယ်။
2023-06-09
စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကြိုးပမ်းနေတဲ့အဖွဲ့ ၁၇၀ ကျော်နဲ့ လေ့လာသူ ၃၀ ကျော်က တိုင်းထဲက နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အထွေထွေဆိုတဲ့ ကဏ္ဍကြီးလေးရပ်ကို ဆွေးနွေးတဲ့ စစ်ကိုင်းဖိုရမ်ပထမအကြိမ်အကြောင်း ဆွေးနွေးထားပါတယ်။