"အာဏာရှင်တွေကြောက်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်"
ဇင်မာဝင်း (ဝါရှင်တန်ဒီစီ)
2023.06.23
2023.06.23
စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လမ်းပေါ်က ဆန္ဒပြလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရသူတွေရှိသလို လမ်းပေါ်မှာ ပန်းကိုင်ပြီး သွားလာမိလို့၊ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အာဏာရှင်ကို ဝေဖန်ရေးသားလို့၊ ပန်းပန်ထားတဲ့ ဓာတ်ပုံတွေ တင်မိလို့၊ မွေးနေ့ဆုတောင်းစာရေးမိလို့ ပြည်သူတချို့ ဖမ်းဆီးခံနေရပါတယ်။ ဘာကြောင့်လဲဆိုတာ ဆွေးနွေးထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု AJAY က ကိုနန်းလင်း၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ - အသံရဲ့ အမှုဆောင်ဒါရိုက်တာ မဇက်ပီ နဲ့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်း တို့ ပါဝင်ဆွေးနွေးထားပါတယ်။
RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။