နွေဦးတော်လှန်ရေးနဲ့ စစ်ကောင်စီရဲ့ နည်းပရိယာယ်

2023.08.11

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ နှစ်နှစ်ကျော်လာပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်ဆွဲဆန့်ကျင်ရေးလည်း အရှိန်အဟုန်မြင့်လာတယ်လို့ စစ်ရေး၊ နိုင်ငံရေး လှုပ်ရှားသူတွေက ပြောဆိုနေကြပါတယ်။ ၂ဝ၂၃ ဩဂုတ်လထဲမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ ပုံစံမျိုးစုံနဲ့ အာဏာရှင်ဆန့်ကျင်တော်လှန်ရေးကို သွေးခွဲဖို့ ကြိုးစားလာတဲ့ လှုပ်ရှားမှုတွေ ရှိလာပါတယ်။

ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ ကရင်တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုမန်းမန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင် နဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဝင်းဆွေ တို့ဖြစ်ပါတယ်။
ကိုအောင်သိင်္ခ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။