နွေဦးတော်လှန်ရေး ဘယ်တော့ပြီးမှာလဲ

2023.09.01

ဒီတစ်ပတ် RFA စကားဝိုင်းမှာ နွေဦးတော်လှန်ရေး ဘယ်ရောက်နေပြီလဲ၊ ဘယ်တော့ ပြီးမှာလဲ၊ ပြီးရင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်မှာ မြန်မာပြည်သူတွေအနေနဲ့ ဘယ်လို အကျိုးကျေးဇူးတွေ ခံစားရမလဲ၊ အဲဒီအချိန်မှာ ပေါ်လာမယ့် စစ်တပ်ကရော ဘယ်လိုစစ်တပ်မျိုးလဲ၊ တိုင်းပြည်ထူထောင်ရေးကာလကရော ဘယ်လောက်ကြာမှာလဲ စတဲ့ အချက်တွေကို ဆွေးနွေးတင်ပြထားပါတယ်။

ပါဝင်ဆွေးနွေးသူတွေကတော့ NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ CDM ကျောင်းဆရာမ ဒေါ်မြတ်မြတ်မော်၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းနဲ့ CDM ဗိုလ်ကြီး လင်းထက်အောင်တို့ ဖြစ်ပါတယ်။ RFA အဖွဲ့သား ဦးခင်မောင်စိုး စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။