စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု တိုးလာနိုင်သလား
စစ်ကောင်စီရဲ့ စစ်ဆင်ရေးတွေမှာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုရားကျောင်းတွေကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာအပြင် လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်လာပါတယ်။ ၂၀၂၃ ခုနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၀၀၀ လောက် လုပ်ခဲ့ပါတယ်။ အခုလိုဘာကြောင့်ဆောင်ရွက်နေရပါသလဲ၊ ဒေသခံပြည်သူတွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်ပါသလဲ၊ အမျိုးသားညီညွတ်ရေးအစိုးရကရော ဘာတွေစီစဥ်ထားပါသလဲ စတဲ့ အချက်တွေကို ဒီတစ်ပတ် RFA စကား၀ိုင်းအစီအစဥ်မှာ ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမယ့် သူတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေ၊ စစ်လက်နက်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ CDM ဗိုလ်ကြီး ဝင်းနိုင်စိုးနဲ့ အမျိုးသမီးမဟာမိတ်များ အင်အားစုရဲ့ အဖွဲ့ဝင် မအေးမြင့်အောင်အောင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဥ်တင်ဆက်ထားပါတယ်။