အာဆီယံအစည်းအဝေးနဲ့ စစ်ကောင်စီရဲ့ အကျပ်အတည်း

2023.07.14

အင်ဒိုနီးရှားနိုင်ငံမှာ ဒီသီတင်းပတ်အတွင်းကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံကိုယ်စားလှယ်မပါဘဲ မြန်မာ့အရေး ဆွေးနွေးခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်လို့ ထုတ်ပြောလိုက်တဲ့အတွက် ဒါဟာ စစ်ကောင်စီအကျိုးအတွက် အချိန်ကိုက် လက်ဝါးချင်းရိုက် လုပ်ဆောင်မှုဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဒီအခြေအနေတွေဟာ စစ်ကောင်စီရဲ့ လားရာကို ဘယ်လိုညွှန်းဆိုနေသလဲဆိုတာ ဒီတစ်ပတ်ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးထားသူတွေကတော့ မြန်မာ့အရေးအတွက် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Progressive Voice အဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာနဲ့ စင်ကာပူ အမျိုးသားတက္ကသိုလ် ပြည်သူ့ရေးရာမူဝါဒပိုင်းဆိုင်ရာမဟာဘွဲ့ တက်ရောက်နေတဲ့ အာဆီယံအရေးလေ့လာသူ ကိုကြည်စင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မခက်မာ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။