“စစ်ကောင်စီ နိုင်ငံရေးထွက်ပေါက်နဲ့ ဒေါ်အောင်ဆန်းစုကြည်”

2023.06.16

ဒီတစ်ပတ် RFA စကားဝိုင်းမှာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနေရပြီး နေပြည်တော်အကျဉ်းထောင်မှာ လက်ရှိဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ပြီးခဲ့တဲ့ လပိုင်း၊ ရက်ပိုင်းတွေအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ သွားရောက်တွေ့ဆုံပြီး အကူအညီတောင်းခံခဲ့တဲ့ကိစ္စကို အဓိကထား ဆွေးနွေးတင်ပြထားပါတယ်။

ပါဝင်ဆွေးနွေးသူတွေကတော့ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်လှုပ်ရှားနေသူတွေဖြစ်ကြတဲ့ CDM ပါမောက္ခ ဒေါက်တာ ယုယုထွေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်၊ တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းနဲ့ CDM ဗိုလ်ကြီးလင်းထက်အောင်တို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုး စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။