သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-30
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမိုဟစ်အူလာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ အမည်မသိသေနတ်သမားတစ်စုက ပစ်ခတ်လုပ်ကြံသွား ခဲ့ပါတယ်။
2021-09-30
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ရှစ်လအတွင်း၊ ကျပ်ငွေတန်ဖိုး ခြောက်ဆယ်ရာနှုန်းကျော် ကျဆင်းသွားခဲ့ပြီး တဖက်မှာလည်း ကိုရိုနာ ကိုဗစ် ကူးစက်မှုက ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။
2021-09-30
မြန်မာနိုင်ငံရဲ့အထွေထွေအကြပ်အတည်းကို တားဆီးနိုင်ဖို့၊ နိုင်ငံတကာ အရေးပေါ်ဆောင်ရွက်မှု လိုအပ်နေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်က သတိပေးပြောကြားလိုက်ပါတယ်။
2021-09-30
ပြည်တွင်းမှာ ဒေါ်လာဈေးမြင့်တက်နေတာကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ထုတ်ရောင်းပေးနေပေမယ့် လိုသလောက် မဖြည့်ဆည်းပေးနိုင် သေးဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၃၀ ရက် ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2021-09-30
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးဖောင်းပွပြီး နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းတွေနဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေ၊ ကုန်ဈေးနှုန်းတွေဟာ မကြုံစဖူး စံချိန်တင် မြင့်တက် လာနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အခုလို ငွေကြေး ဖောင်းပွမှု မြင့်နေတာကြောင့် ပြည်သူတွေ စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ ပိုမိုရင်ဆိုင်လာရနိုင်တယ်လို့ သုံးသပ် ကြပါတယ်။
2021-09-30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ဟာ စက်တင် ဘာလ ၂၁ ရက်နေ့ကတည်းက အဖမ်းခံရတာ ဒီနေ့အထိဆိုရင် ၁၀ ရက်ရှိလာခဲ့ပါပြီ။ သူ့ကို ဘယ်မှာထိန်းသိမ်းထားတယ် ဘယ်လိုတွေ စစ်ဆေးခံနေရတယ်ဆိုတဲ့ နောက်ဆက်တွဲ သတင်းအစအနကို လည်း ဒီနေ့အချိန်ထိ မသိရသေးပါဘူး။
2021-09-30
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ တိုင်းလူငယ်အဖွဲဝင် ဦးချမ်းမြေ့မောင် ကို စက်တင်ဘာလ ၃၀ ရက် ဒီနေ့နေ့လယ် ၂ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-30
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက် ဒီနေ့အထိ ရှစ်လအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ နှစ်ဆနီးပါး အထိ မြင့်တက်လာနေပါတယ်။
2021-09-30
စစ်တပ်က ၂၀၂၁ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီလကုန်အထိ ၅ လကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးလိုက်ပေမယ့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ဒေသခံကာကွယ်ရေးတပ်တွေလှုပ်ရှားတဲ့ နယ်မြေတွေမှာလည်း စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မြင့်တက်လာနေတယ်လို့ PDF တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-09-30
ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်း မသင်္ကာလို့ဖမ်းဆီးထားတဲ့ ဆယ်ဦးထဲက စစ်ကောင်စီသတင်းပေး ငါးဦးကို ဆက်လက်ဖမ်းဆီးစစ်ဆေးနေတယ်လို့ အာဏာ ဖီဆန်ရေး (CDM) ရဲ အယောက် ၃၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ရဲဌာန (KSP) က စက်တင်ဘာလ ၃၀ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-09-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဦးညီပု အပါအဝင် ဝန်ကြီးတွေရဲ့ အဂတိလိုက် စားမှု တိုက်ဖျက်ရေးအမှုအတွက် တရားလိုဖြစ်တဲ့ စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်ကို စက်တင်ဘာလ ၂၉ ရက်နေ့ မနေ့က စစ်တွေအကျဉ်းထောင်ထဲမှာပဲ တရားရုံးဖွင့်လှစ်ပြီး စစ်ဆေးခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက RFA ကို ဒီကနေ့ ပြောပါတယ်။
2021-09-30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် အပါအဝင် ပြည်ထောင်စုဝန်ကြီး သုံးဦးတို့ကို စွဲဆိုထားတဲ့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) အမှုအတွက် စက်တင်ဘာလ ၃၀ ရက် ဒီကနေ့ နေပြည်တော်က အထူးတရားရုံးကို ပြောင်းရွှေ့ပြီး ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် ရှေ့နေတွေဝင်ခွင့် ကန့်သတ် ခံခဲ့ရပါတယ်။
2021-09-30
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာစျေး၊ ရွှေစျေးနဲ့ စက်သုံးဆီစျေးနှုန်း တွေ တစ်နိုင်ငံလုံးမှာ စံချိန်တင်မြင့်တက်နေပြီး အလားတူ ရခိုင်ပြည်နယ်မှာလည်း ကုန်စျေးနှုန်းတွေနဲ့ စက်သုံးဆီစျေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-30
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နှောကန်ရွာအနားမှာ စက်တင်ဘာလာ ၃၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-29
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံရပြီး နယူးယောက်မြို့ တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ရဲ့အမှု ရုံးတင်စစ်ဆေးနေတာကို အောက်တို ဘာလ ၂၇ ရက် အထိ ရွှေ့ဆိုင်းထားဖို့ နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာ ၂၈ ရက် ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။