စစ်တပ်သတင်းပေး ငါးဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကရင်နီပြည်ရဲဌာန ထုတ်ပြန်

2021.09.30
စစ်တပ်သတင်းပေး ငါးဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကရင်နီပြည်ရဲဌာန ထုတ်ပြန် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လွိုင်ကော်မှာ CDM ရဲတပ်သားတွေ လမ်းပေါ်ထွက် ဆန္ဒပြစဉ်
Photo: RFA

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်း မသင်္ကာလို့ဖမ်းဆီးထားတဲ့ ဆယ်ဦးထဲက စစ်ကောင်စီသတင်းပေး ငါးဦးကို ဆက်လက်ဖမ်းဆီးစစ်ဆေးနေတယ်လို့ အာဏာဖီဆန်ရေး (CDM) ရဲ အယောက် ၃၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ရဲဌာန (KSP) က စက်တင်ဘာလ ၃၀ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကရင်နီပြည်ရဲဌာန (KSP) အနေနဲ့ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မသင်္ကာစရာ အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ကောင်စီ သတင်းပေးမဟုတ်တဲ့ ငါးဦးကိုတော့ မိသားစုထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီအထဲက အမျိုးသား လေးဦးနဲ့ အမျိုးသမီး တစ်ဦးကတော့ စစ်ကောင်စီအတွက် သတင်းပေးဒလန် လုပ်နေကြောင်း ခိုင်လုံတဲ့သက်သေ အထောက်အထားတွေ တွေ့ရတာကြောင့် လက်ရှိ ကရင်နီပြည် ရဲအချုပ်မှာ ဖမ်းဆီးထားပြီး လိုအပ်သလို ဆက်လက်အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

နိုင်လင်း
2021-09-30 12:34

အရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်ကျရှုံးပါစေ လေးစားလျက်ပါ

နိုင်လင်း
2021-09-30 12:34

အရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်ကျရှုံးပါစေ လေးစားလျက်ပါ