သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-30
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ တရုတ်ပြည်ရဲ့ ပြောင်းလဲစပြုလာတဲ့ မြန်မာ ဆိုင်ရာမူဝါဒနဲ့ ဒီနေ့ အာရှ-ပစိဖိတ်ဒေသအတွင်းက ပထဝီနိုင်ငံရေးအခြေအနေတွေကြား ဟန်ချက် မျှအောင် ကြိုးပမ်းရဖွယ်ရှိနေပါတယ်။ ဦးသစ်ဆင်း က စုစည်းတင်ပြမှာပါ။
2016-09-30
သမိုင်းလေ့လာတဲ့အခါ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ဆက်စပ်သင်ယူနိုင်တဲ့ အားကောင်းလှတဲ့ အခွင့်အလမ်းတွေ ရရှိတဲ့အကြောင်းနဲ့ ရှေးရောမအင်ပါယာခေတ်က ခဲဆိပ်သင့်တာမျိုး မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့အကြောင်း RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-09-30
ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ ဖားကန့်မြို့နယ် ဒွန်ဘန်ကျေးရွာအခြေစိုက် တပ်မတော်က တနိုင်းဘက်သွားမယ့် ကုန်ကားအစီး ၃၀ ကျော်ကို အခုလ ၂၇ ရက်နေ့ကစပြီး သွားလာခွင့်ပိတ်ပင်ထားပါတယ်။
2016-09-30
ရန်ကုန်မြို့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲခံထားရတဲ့ လန်ဒန်ဆရာတော် ဦး ကျောင်းတိုက်အရေးနဲ့ ပတ်သက်ပြီး သံဃာ့မဟာ နာယကအဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းဖို့ဆိုတာဟာ မဖြစ်နိုင်ကြောင်း သတင်းမီဒီယာတွေကို မိန့်ကြားပါတယ်။
2016-09-30
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ခန်လူးကျေးရွာမှာ ကျေးရွာပိုင်မြေနေရာကို ခြံစည်းရိုးဝင်ခတ်တဲ့ အမှတ်(၂) စစ် ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) ကို တားမြစ်ခဲ့တဲ့ ကျေးရွာ သား ၉ ဦးကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ မနေ့က အမှုဖွင့်လိုက်ပါတယ်။
2016-09-30
တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် တနင်္သာရီတိုင်းမ် အပတ်စဉ်ဂျာနယ်မှာ "ငါးရံ့တစ်ကောင်ရဲ့ ရင်ဖွင့်သံ" ဆောင်းပါး ဟာ သတ္တုတူးဖေါ်တဲ့ Delco ကုမ္ပဏီ အကြောင်း ရေးသားတယ်ဆိုပြီး ဆောင်းပါးရှင် ကိုအောင်လွင်ကို ရေဖြူမြို့နယ်တရားရုံးက ထောင်ဒဏ် တစ်လ သို့မဟုတ် ဒဏ်ငွေ ၃သောင်း ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2016-09-30
ကယားပြည်နယ် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ပျက်စီးတာနဲ့ ပတ်သက်ပြီး လေ့လာစိစစ်ရေးအဖွဲ့ကို ကျောင်းသား၊ အစိုးရ၊ ကုမ္ပဏီနဲ့ ဆရာ၊ ဆရာမ ကိုယ်စားလှယ်တွေ ပါဝင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။
2016-09-30
ဇီကာဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံကို ကိုယ်ဝန်ဆောင်မိခင်တွေ ခရီးသွားလာဖို့ မသင့်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ထုန်ပြန်လိုက်ပါတယ်။
2016-09-30
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အစီရင်ခံစာအရ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်မှာ အသက် ၅ နှစ်အောက် ကလေးငယ် ၆ ဦးမှာ ၁ ဦးနှုန်း သေဆုံးနေတယ်လို့ ကုလ သမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် ပါတယ်။
2016-09-30
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက် ပြီး ဒေသတွင်း နိုင်ငံတွေက အပြု သဘောဆောင်တဲ့ ပံ့ပိုးကူညီ မှုတွေ ပေးကြဖိုနဲ့ အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် အပြင် ပဋိပက္ခကူးစက်ခံရတဲ့ နယ်မြေဒေသတွေ မှာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ရယူနိုင်အောင် ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားကြောင်း နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားလိုက်ပါတယ်။
2016-09-30
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုရဲ့နေအိမ်ခြံဝန်းအတွင်း အလှဆင်ဖို့အတွက် ငွေကျပ် သိန်းငါးဆယ်ကို ပြည်နယ် အစိုးရရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ဘဏ္ဍာငွေ စာရင်းထဲမှာ ထည့်ထားတာကို ဒီကနေ့ကျင်းပတဲ့ ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေးက ပယ်ချလိုက် ပါတယ်။
2016-09-30
ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ ထိုးစစ်ဆင်တိုက်ခိုက် တာတွေ၊ လက်နက်ကြီး အသုံးပြုတာတွေကို မလုပ်ဖို့တောင်းဆိုကြောင်း အရေးကြီးအဆိုကို မနေ့ကကျင်းပခဲ့တဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2016-09-30
ချင်းတွင်းမြစ်ထဲကို စီးဆင်းခဲ့တဲ့ ရေမဲတွေမှာ ခဲပါဝင်မှုလုံးဝမရှိဘဲ ခဲဓာတ်နဲ့ ဆင်တူတဲ့ ဂရဖိုက် (Graphite) ဆိုတဲ့ ကာဗွန်ဓာတ်တစ်မျိုးသာ ပါဝင်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2016-09-30
Multi Level Marketing လို့ခေါ်တဲ့ ဆင့်ပွားအရောင်း လုပ်ငန်း လုပ်ကိုင်တဲ့ Aim Star စီးပွားရေးလုပ်ငန်း ရဲ့ တာဝန်ရှိသူ ဦးဂျိုးဇက်က သတင်းမီဒီယာ သမားတွေကို ပုတ်ခတ်ပြောဆိုလိုက်တာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေဖက်က တရားစွဲဆိုဖို့ လက်မှတ်တွေစုဆောင်းခဲ့ပါတယ်။
2016-09-30
ကျောင်းပညာမသင်နိုင်ဘဲ၊ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြရတဲ့ ကလေး သူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးဖို့ အစီအစဉ်ရှိမရှိ ဆိုတာနဲ့ပတ်သက်ပြီး မကွေးတိုင်းလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။