ချင်းတွင်းမြစ်ရေမှာ ခဲဓါတ် မပါပေမယ့် သောက်သုံးဖို့ မသင့်
2016.09.30
ချင်းတွင်းမြစ်ထဲကို စီးဆင်းခဲ့တဲ့ ရေမဲတွေမှာ ခဲပါဝင်မှုလုံးဝမရှိဘဲ ခဲဓာတ်နဲ့ ဆင်တူတဲ့ ဂရဖိုက် (Graphite) ဆိုတဲ့ ကာဗွန်ဓာတ်တစ်မျိုးသာ ပါဝင်တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က မနေ့က ထုတ်ပြန်လိုက်ပါတယ်။
ဂရဖိုက် (Graphite) ကြောတွေ့ရှိခဲ့တဲ့ စာရာမေတိတောင်ခြေကို တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေက လာမယ့်အောက်တိုဘာလမှာ သွားရောက်ပြီး ဂရဖိုက် (Graphite)တွေကို ချောင်းရေတွေထဲ မကျအောင် အတားအဆီးတွေ ပြုလုပ်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့် က ပြောပါတယ်။
ဒေါ်ဥမ္မာမြင့်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။