ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့ စာရင်းထဲ မြန်မာပါဝင်နေ


2016.09.30
zika-virus-620.jpg ဇီကာဗိုင်းရပ်စ် အကြောင်းရေးထားတဲ့ ပညာပေးကြော်ငြာတစ်ခုကို တွေ့ရစဉ်
Photo: www.gov.sg/zika

ဇီကာဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကြောင့် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံကို ကိုယ်ဝန်ဆောင်မိခင်တွေ ခရီးသွားလာဖို့ မသင့်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ထုန်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုး သယ်ဆောင်နိုင်တဲ့ ခြင်ရှိနေပြီး နိုင်ငံတကာလေကြောင်းလိုင်းလဲ ရှိနေတာကြောင့် ကူးစက်နိုင်တဲ့နိုင်ငံစာရင်းထဲ ပါဝင်နေတာလို့ ပြည်သူ့ကျမ်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ပြောပါတယ်။

"ကျွန်တော်တို့မှာ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ အနေအထားနဲ့ ဒီခြင်ကောင်ကရှိနေတာကိုး၊ ရောဂါပိုးရှိတဲ့သူဝင်လာရင် အဲ့ဒီခြင်ကိုက်ရင် ကူးစက်သွားနိုင်တယ် နောက်တစ်ခါ နိုင်ငံတကာလေကြောင်းလိုင်းတွေကလည်း မြန်မာနိုင်ငံမှာအရင်ကထက်စာရင် ပိုပြီးများလာတယ်၊ ကူးစက်နိုင်ခြေရှိတဲ့နိုင်ငံ ပြန်လာတဲ့သူတွေလည်း ရှိနေတော့ သူတို့မှာရောဂါပိုးပါလာရင် ကျွန်တော်တို့မှာ ကူးစက်နိုင်တယ်။ နောက်နယ်စပ်တွေကလည်း ကူးစက်နိုင်တဲ့အနေအထားရှိတာပေါ့"

အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ အရှေ့တောင်အာရှ ၁၁ နိုင်ငံစာရင်းတွေအရ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မော်လ်ဒိုက်၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမောနဲ့ ဗီယက်နမ်နိုင်ငံတို့ပါဝင်ပါတယ်။

ကူးစက်နိုင်ချေရှိတဲ့နိုင်ငံတွေအဖြစ် ထုတ်ပြန်လိုက်တာဖြစ်ပြီး မလိုအပ်ရင် သွားရောက်ဖို့စီစဉ်ထားတာတဲ့ ခရီးစဉ်တွေကို ပယ်ဖျက်ဖို့ ညွှန်ကြားချက်ပါဝင်ပါတယ်။

ဇီကာဗိုင်းရပ်စ်ကူးစက်မှု များပြားနေတဲ့ ဘရာဇီးနဲ့ စကာပူနိုင်ငံတွေကိုတော့ အထူးခရီးသွားသတိပေးချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။