သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-31
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၈၈ အရေးတော်ပုံကာလအတွင်း ဝန်ကြီးချုပ်ဟောင်း ဦးနုကို ပူးပေါင်းလုပ်ဆောင်ဖို့ ကမ်းလှမ်းပြောဆိုခဲ့ဖူးတယ်လို့ RFA ကို ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။
2013-07-31
အင်ဒိုနီးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတစ်ခုက ရိုဟင်ဂျာ ၁၄ ယောက်ကို မနေ့က ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2013-07-31
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပနေတဲ့ ပြည်တွင်း ပြည်ပ တိုင်းရင်းသားအဖွဲ့ပေါင်းစုံရဲ့ဆွေးနွေးပွဲကို ဒီနေ့ တတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ပြီး၊ ဒီဆွေးနွေးပွဲကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်တာထက် အသစ်ပြန်ပြီးရေးတာက ပိုပြီးသင့်တော်တဲ့အကြောင်း အများစုကဆွေးနွေး ကြတယ်လို့သိရပါတယ်။
2013-07-31
ရေလွှမ်းမိုးမှုဒဏ်ကို ခံစားနေရတာ ၃ ရက်ရှိပြီဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ မှာ ရေဘေးလွတ်ရာပြောင်းရွှေ့ပေးလိုက်ရသူ နှစ်သောင်း ခွဲကျော်ရှိနေပြီလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့တွေကပြောသလို၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ဖို့ လိုနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
2013-07-31
စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ မီဒီယာဥပဒေ မူကြမ်းကို လွှတ်တော်မှာ တင်သွင်းနိုင်ဖို့အတွက် အများပြည်သူ က ထောက်ခံပေးဖို့ လက်မှတ်တွေကို မြန်မာဂျာနယ်လစ် ကွန်ရက် MJN အဖွဲ့က ဒီနေ့စပြီး လိုက်လံကောက်ယူနေ ပါတယ်။
2013-07-31
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့တွေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး ပြည်နယ်အဆင့် ဒီကနေ့စတင်ဆွေးနွေးကြရာ နှစ်ဘက်နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံဖို့၊ အပစ်အခတ် ရပ်စဲရေး ဆက်လက်ဆွေးနွေးသွားဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
2013-07-31
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ် ခနွဲကဗိုရွာမှာ ဖိုးလမင်းကုမ္ပဏီက လုပ်ကိုင်နေတဲ့အင်းတွေမှာ ဒေသခံရွာသားတွေ ဝင်ရောက် လုပ်ကိုင်တဲ့အပေါ် အဲဒီကုမ္ပဏီက တရားစွဲ ဆိုတာကြောင့် ဒီကနေ့ရွာသားတွေက ပန်းတနော်မြို့နယ်ရဲစခန်းမှာ သွားရောက်ဖြေရှင်းရာကနေ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
2013-07-31
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြီးခဲ့နှစ် အောက်တို ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ၅ ဦးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆ မီးရှို့မှုနဲ့ စစ်တွေမြို့နယ် တရားရုံးကနေ ဒီနေ့ ထောင်ဒဏ် ၃ နှစ် အသီးသီးချမှတ်လိုက်ပါတယ်။
2013-07-31
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်ပြောင်းလဲပြင်ဆင်လိုစိတ် ရှိတယ်ဆိုရင် ရက် ၃ဝ အတွင်း ဆောင်ရွက်နိုင်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံလေ့လာသုံး သပ်ရေးကော်မတီကတစ်ဆင့် ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ပြောလိုက်ပါတယ်။
2013-07-31
မြန်မာနိုင်ငံသမိုင်းမှာ ခေတ်အဆက်ဆက် အစိုးရတွေဟာ နိုင်ငံတော်တိုးတက်ရေးနဲ့ နိုင်ငံသား အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် ရည်မှန်းချက်အတိုင်းဖြစ်မလာပဲ နိမ့်ကျနောက်ကျ ကျန်ရစ်ခဲ့တာဖြစ်ကြောင်း ဒီနေ့စတင်ပြီး ပြည်ထောင်စု လွှတ်တော်နာယက အဖြစ် တာဝန်ထမ်းဆောင်တဲ့ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
2013-07-30
အိန္ဒိယနိုင်ငံက ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှာ အကြမ်းဖက်သမားတွေရဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုနောက်ပိုင်း နယူးဒေလီမြို့က မြန်မာသံရုံးကို အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။
2013-07-30
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ရခိုင်ပြည် နယ် မဒေးကျွန်းမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြခေါင်းဆောင် ၁ဝ ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံး အကြိမ် စစ်ဆေးခဲ့ပါတယ်။
2013-07-30
နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြ တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ ဥက္ကဌနဲ့ ဒုဥက္ကဌ (၃) ဦးကို ပြည်ထောင်စုလွှတ်တော်က သဘောတူ အတည်ပြုလိုက်ပါတယ်။
2013-07-30
သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဒုတိယဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ လာမယ့် သြဂုတ်လ ၄ ရက်နေ့ကျရင် ကရင်ပြည်နယ် ဘားအံမြို့ မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။
2013-07-30
ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့မနက်အစောပိုင်းကစပြီး ရေကြီးနေတဲ့ အတွက် လူ ၆ ဦးထက်မနည်း သေဆုံးပြီး၊ တချို့ရပ်ကွက်တွေမှာ ပိတ်မိနေသူတွေရှိတယ်လို့ သတင်း ရရှိပါတယ်။