မီဒီယာဥပဒေကြမ်း လွှတ်တော် တင်သွင်းဖို့ ထောက်ခံ လက်မှတ်တွေ ကောက်ယူ


2013.07.31

စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်မှာ တင်သွင်းနိုင်ဖို့အတွက် အများပြည်သူက ထောက်ခံပေးဖို့ လက်မှတ်တွေကို မြန်မာဂျာနယ်လစ်ကွန်ရက် MJN အဖွဲ့က ဒီနေ့စပြီး လိုက်လံကောက်ယူနေပါတယ်။

"လူထုသတင်းမှန်ရရှိရေး မီဒီယာလွတ်လပ်ခွင့်ပေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာ ရှင်းလင်းပွဲကို တက်ရောက်သူတွေနဲ့ ပြည်သူတွေထံကလည်း  လက်မှတ်တွေ ကောက်ယူနေကြောင်း MJN အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။

မကြာခင် အမျိုးသား လွှတ်တော်မှာ ဆွေးနွေးဖို့ရှိတဲ့ ပြန်ကြားရေး န်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ေခြင်း ဥပဒေမူကြမ်းကို ပြန်သုံးသပ်ပေးဖို့အပြင် စာနယ်ဇင်းကောင်စီ (ယာယီ) က တင်သွင်းထားတဲ့ မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းဖို့ ကြိုးပမ်းမှုကို ပြည်သူတွေ ထောက်ခံပေးဖို့ လက်မှတ်တွေ ကောက်ခံနေတာ ဖြစ်ပါတယ်။

လက်မှတ် ကောက်ခံမှုတွေကို ဒီနေ့စတင်ပြီး လာမယ့်သီတင်းပတ် ဗုဒ္ဓဟူးနေ့အထိ တစ်ပတ်တာကြာမြင့်မှာ ဖြစ်ပါ တယ်။

အခုလို လက်မှတ်ကောက်ခံတာကို တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ မြန်မာဂျာနယ်လစ် ကွန်ရက် တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။