မြဝတီမြို့ရေဘေး အနည်းဆုံး ၆ ဦးသေ၊ ၃ ဦး ပျောက်ဆုံးနေဆဲ


2013.07.30

ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့မနက်အစောပိုင်းကစပြီး ရေကြီးနေတဲ့အတွက် လူ ၆ ဦးထက်မနည်း သေဆုံးပြီး၊ တချို့ရပ်ကွက်တွေမှာ ပိတ်မိနေသူတွေရှိတယ်လို့ သတင်းရရှိပါတယ်။

မြဝတီမြို့ဘေးက သောင်ရင်းမြစ်ရေ ၁၄ ပေလောက်ထိမြင့်တက်လာတဲ့အတွက် မြစ်နဲ့နီးတဲ့ရပ်ကွက်က အိမ်ငယ်လေးတွေ အိမ်ခေါင်ထိရေမြုပ်သလို၊ ကုန်ပစ္စည်းသိုလှောင်ထားတဲ့ ဂိုဒေါင်တွေ၊ ဈေးတွေလဲရေမြုပ်ပြီး ပစ္စည်းဆုံးရှုံးမှုလည်းများတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြဝတီမြို့က ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။

ဒီကနေ့မနက် ၁၁ နာရီလောက်ကလဲ မြတီမြို့ထဲမှာ စက်လှေမှောက်ပြီး အမျိုးသမီး ၃ ဦး ပျောက်ဆုံးနေကြောင်းနဲ့ ကယ်ဆယ်ရေးအတွက် စက်လှေလုံလောက်မှု မရှိတဲ့အကြောင်း ရေဘေးဒုက္ခသည်တွေကို အကူညီပေးနေတဲ့ စေတနာန်ထမ်း လူငယ်တစ်ဦးက ဆိုပါတယ်။

ရေဘေးဒုက္ခသည်တွေကို မြို့နယ်အုပ်ချုပ်ရေးမှုးအပါအင် ရဲန်ထမ်းတွေ ရပ်မိရပ်ဖတွေနဲ့ ဖွဲ့စည်းထားတဲ့ စည်ပင်သာယာအဖွဲ့ မြဝတီမြို့ နာရေးကူညီမှုအသင်းစတဲ့ အဖွဲ့အစည်းတွေကကူညီနေပြီး မိကျောင်းကုန်း၊ တောရကျောင်း၊ အဓိဌာန်အောင်ဘုရားဓမ္မာရုံ၊ တောင်တန်းကျောင်း၊ ဓမ္မာရန်အောင်အနီးက စာသင်ကျောင်း၊ ကျောက်လုံးကြီး ဓမ္မရိပ်သာနဲ့ ဖားခြောက်ကောင်ဘုန်းကြီးကျောင်း စတဲ့နေရာတွေမှာ နေချထားတယ်လို့ သိရပါတယ်။

မြတီမြို့ ရေဘေးနောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မြို့ခံကုန်သည်တစ်ဦးကို RFA ိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ဧရာတီတိုင်းအပါအင် မြန်မာနိုင်ငံအောက်ပိုင်းက ရေဘေးနောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ RFA သတင်းထောက် မခင်ပြည့်စုံရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။