ဝန်ကြီး ဦးအောင်မင်းအဖွဲ့ ABSDF ကျောင်းသားတပ်မတော် နဲ့ တွေ့ဆုံဆွေးနွေးမည်


2013.07.30

သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဒုတိယဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ကိုသံခဲ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ လာမယ့် သြဂုတ်လ ၄ ရက်နေ့ကျရင် ကရင်ပြည်နယ် ဘားအံမြို့ မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။

ဒီဆွေးနွေးပွဲမှာ ABSDF ဗဟိုဌာနချုပ်အပြင် မြောက်ပိုင်းနဲ့ အနောက်ပိုင်းက ကိုယ်စားလှယ်တွေပါဝင်မှာဖြစ်ပြီး၊  စုစုပေါင်းအယောက် ၃ ကျော်တက်ရောက်မယ်လို့ ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းက RFA ကို ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူဖို့ အဓိကထား ဆွေးနွေးမှာဖြစ်ပြီး၊ အဲဒီကနေ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲအတွက် ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

ABSDF ကိုယ်စားလှယ်အဖွဲ့ဟာ ၂၁၂ ခုနှစ် ဖေဖော်ါရီကစပြီး အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် ဆွေးနွေးပွဲတွေ စတင်ပြုလုပ်ခဲ့ပြီး ၂ဝဝ၂ ခုနှစ် ဒီဇင်ဘာကနေ ၂၁၃ ခုနှစ် ဇန်နါရီလထိ တစ်လတာ ပြည်တွင်းလေ့လာရေးခရီးသွားခဲ့ပါတယ်။

အဲဒီအပြင် ABSDF ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ မေလကလည်း သမ္မတလက်အောက်မှာ ဖွဲ့စည်းထားတဲ့ မြန်မာ့ ငြိမ်းချမ်းရေးစင်တာ တာန်ရှိသူတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့သလို၊ ဇူလိုင်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာလဲ အြကိုညှိနှိုင်းပွဲအဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။