ပန်းတနော်မှာ ရွာသား ၂၇ ဦး ဖမ်းဆီးခံရ


2013.07.31

ဧရာတီတိုင်း၊ ပန်းတနော်မြို့နယ် ခနွဲကဗိုရွာမှာ ဖိုးလမင်းကုမ္ပဏီက လုပ်ကိုင်နေတဲ့အင်းတွေမှာ ဒေသခံရွာသားတွေ င်ရောက်လုပ်ကိုင်တဲ့အပေါ် အဲဒီကုမ္ပဏီက တရားစွဲဆိုတာကြောင့် ဒီကနေ့ရွာသားတွေက ပန်းတနော်မြို့နယ်ရဲစခန်းမှာ သွားရောက်ဖြေရှင်းရာကနေ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

အခုလို အဖမ်းခံလိုက်ရတာနဲ့ ပတ်သက်ပြီး သွားရောက် ဖြေရှင်းရာမှာ လိုက်ပါသွားတဲ့ ဒေသခံ ဒေါ်စန်းစန်းအေးက အခုလိုပြောပါတယ်။

ခိုးမှု၊ လုယက်မှု၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မတွေအများကြီးနဲ့ ခနွဲကဗိုစခန်းက လိုက်ဖမ်းနေတယ်၊ စခန်းသွားအဖမ်းခံတာ မဖမ်းဘူး၊ မြို့နယ်တရားရုံးကို ပြန်လွှတ်လိုက်လို့ စခန်းမှူးတွေက ကားနဲ့ခေါ်သွားတာ၊ ပန်းတနော်စခန်း အချုပ်ထဲကိုပေါ့

ပန်းတနော်မြို့နယ်၊ ခနွဲကဗိုရွာမှာ ၁၉၉ ခုနှစ်ကတည်းက ဖိုးလမင်းကုမ္ပဏီ ပိုင်ဆိုင်တဲ့ မြေဧက နှစ်ထောင်ကျော်မှာ  ဒေသခံရွာသား ၂၇ ဦးက င်ရောက်ငါးရှာတဲ့အတွက် အခုနှစ်ဇန်နါရီလနဲ့ မတ်လတို့မှာ သူတို့ကို အဲဒီကုမ္ပဏီက ပန်းတနော်မြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။

အာဏာပိုင်တွေက တရားစွဲဆိုခံထားတဲ့သူတွေကို လိုက်လံ ဖမ်းဆီးခဲ့ပေမယ့် သူတို့က အဖမ်းမခံတာကြောင့် ရှောင်တိမ်းရာက ပန်းတနော်မြို့နယ် ရဲစခန်းမှာ သွားရောက်ဖြေရှင်းရာကနေ အခုလို အဖမ်းခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဒီအကြောင်း RFAသတင်းထောက် မရတနာဦးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။