အခြေခံဥပဒေကို ပြင်ဖို့ဆန္ဒရှိရင် တစ်လအတွင်း ပြီးစီးနိုင်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရေးရာ အဆောက်အဦးမှာ ဇူလိုင်လ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မီဒီယာတွေ နဲ့ တွေ့ဆုံစဉ်
နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရေးရာ အဆောက်အဦးမှာ ဇူလိုင်လ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မီဒီယာတွေ နဲ့ တွေ့ဆုံစဉ် (photo: Myo Thant Khaing)

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်ပြောင်း လဲပြင်ဆင်လိုစိတ် ရှိတယ်ဆိုရင် ရက် ၃ဝ အတွင်း ဆောင်ရွက်နိုင်သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီက တစ်ဆင့် ကြိုးပမ်းသွားမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြော လိုက်ပါတယ်။

"အန်တီတို့ဘက်ကလုပ်ရမှာကတော့ ကော်မတီ ကနေတဆင့် တတ်နိုင်သမျှလုပ်မယ်၊ ကော်မတီထဲ မှာ NLD အဖွဲ့ဝင် ၇ ယောက်ပါပါတယ်၊ ၁ဝ၉ ထဲမှာ ၇ ယောက်ဆိုတော့ သိပ်မများဘူးဆိုပေမယ့်လည်း လွှတ်တော်ထဲမှာရှိတဲ့ အမတ်ဦးရေနဲ့စာလို့ရှိရင် မဆိုးပါဘူး၊ အန်တီတို့ကို များများစားစားနေရာပေး ထားတယ်လို့ ပြောရမယ်လေ"

ဒီကနေ့ နေ့လည်က လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရေးရာ အဆောက်အဦးမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ပြော ခဲ့တာပါ။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီပါတီအနေနဲ့လည်း ပြည်သူလူထုကိုချပြပြီး ရှင်းလင်းပွဲတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ပြည်ထောင်စု သမ္မတ အိုဘားမားရဲ့ အမျိုးသားလုံခြုံရေးရာ အထူးအကြံပေးပုဂ္ဂိုလ် Mr. Ben Rhodes အပါအဝင် အဖွဲ့ဝင် ၅ ဦးနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။