အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ပတ်သက်လို့ ဒေါက်တာတင့်ဆွေနဲ့ ဆက်သွယ်မေးမြန်းချက်
2013.07.30
အိန္ဒိယနိုင်ငံက ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှာ အကြမ်းဖက်သမားတွေရဲ့ ဗုံးဖောက်ခွဲ တိုက်ခိုက်မှုနောက်ပိုင်း နယူးဒေလီမြို့က မြန်မာသံရုံးကို အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တကောင်းဒေသမှာ ရိုဟင်ဂျာ အရေးအတွက် မြန်မာနိုင်ငံကို တိုက်ခိုက်မယ့် အကြမ်းဖက်စခန်းတွေ ဖွင့်လှစ်တာနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့်ရှ်အစိုးရကို တပ်လှန့်သတိပေးခဲ့ပါတယ်။
ဒီအခြေအနေတွေကို အနီးကပ်မျက်ခြည်မပြတ်လေ့လာ စောင့်ကြည့်နေတဲ့ အိန္ဒိယအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ တင့်ဆွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။