သူရဦးရွှေမန်း ပြည်ထောင်စု လွှတ်တော် နာယက တာဝန် လွှဲပြောင်းရယူ
2013.07.31

မြန်မာနိုင်ငံသမိုင်းမှာ ခေတ်အဆက်ဆက် အစိုးရတွေ ဟာ နိုင်ငံတော်တိုးတက်ရေးနဲ့ နိုင်ငံသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ခဲ့ပေမယ့် ရည်မှန်းချက် အတိုင်းဖြစ်မလာပဲ နိမ့်ပါးနောက်ကျ ကျန်ရစ်ခဲ့ တာဖြစ်ကြောင်း ဒီနေ့စတင်ပြီး ပြည်ထောင်စု လွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်တဲ့ သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။
ဒါ့အပြင် ဒီကနေ့လွှတ်တော်ဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အမှန်တကယ်ဆောင်ရွက်ပေး ရမှာဖြစ်တယ်လို့လည်း အခုလို သူရဦးရွှေမန်း က ပြောပါတယ်။
"ကာလအတော်ကြာ ဒီမိုကရေစီကျင့်သုံးနိုင်မှု မပြုနိုင်ခြင်းမှာလည်း လွှတ်တော်များမရှိတာကြောင့်ဖြစ်ပါတယ်၊ လွှတ်တော်များရှိခဲ့သော ကာလတွင်လည်း လက်ညှိးထောင်ခေါင်းညိမ့် မည်ကာမျှဖြစ်ပြီး လွှတ်တော်များ သည် ပြည်သူများအား ကိုယ်စားမပြုနိုင်ခဲ့တာကို သတိပြုရမှာဖြစ်သလို၊ ကနေ့လွှတ်တော်များသည် ပြည်သူ များကို ကိုယ်စားပြုသလို ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထား၊ ပြည်သူများ၏ လိုအပ်ချက်များ ကို သိရှိခံစားပြီး ပြည်သူများအတွက် အမှန်တကယ် ဆောင်ရွက်ပေးကြမှာဖြစ်ပါတယ်"
ဒီကနေ့ကျင်းပတဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် အစည်းအေဝးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း တက်ရောက်ခဲ့ပါတယ်။
သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်ဥက္ကဌနေရာ လွှဲပြောင်းရယူလိုက်တဲ့အပေါ် RFA သတင်းထောက် မဇင်မာဝင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥက္ကဌသစ် သူရဦးရွှေမန်းလက်ထက်မှာ ဘာတွေဆောင်ရွက်ပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိရဲ့ တင်ပြချက်ကို နားဆင်နိုင်ကြပါတယ်။