သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-31
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ကျောင်းသားတွေတည်ထောင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော်ဟာ မနက်ဖြန် ၂၅ နှစ်ပြည့်ပြီဖြစ်တဲ့အတွက် နှစ်ပတ်လည်အခမ်းအနားတစ်ရပ်ကို လိုင်ဇာမြို့မှာကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီ ၂၅ နှစ်တာကာလအတွင်း ABSDF က ကျဆုံးခဲ့သူ ၆၇၀ ရှိပြီး၊ ကိုယ်အင်္ဂါချို့ယွင်းသွားတဲ့သူက ၄၁၇ ယောက်ရှိခဲ့တယ်လို့ အဖွဲ့ကပြောပါတယ်။
2013-10-31
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ ညီလာခံဒုတိယနေ့ကို ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ မှာ ဒီနေ့ကျင်းပရာ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ အစိုးရဖက်ကတင်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး မူနှစ်ဖက်အပေါ် ပြေလည်မှုမရသေးကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး က ပြောပါတယ်။
2013-10-31
စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ဒေသခံတွေ ရဲ့ မြေတွေသိမ်းပြီး နိုင်ငံတော် ကျွန်းစိုက်ခင်းအဖြစ် ပြောင်းလဲခဲ့တဲ့ ကိစ္စအတွက် ရွှေခြင်္သေ့တောင်သူလယ်သမားကွန်ရက်က ကမကထပြုပြီး၊ လယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ လယ်သမားတွေရဲ့ဆွေးနွေးပွဲကို ရွှေခြင်္သေ့ ဘုန်းကြီးကျောင်းမှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
2013-10-31
ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေ ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ရဲ့ အသက် ၁၅ နှစ်အောက် သားသမီးများကို နှစ်နိုင်ငံ သဘောတူထားပြီးဖြစ်တဲ့ နေထိုင်ခွင့် မှီခိုဗီဇာထုတ်ပေးရေး ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက မနေ့က ထိုင်း ပြည်ထဲရေး ဒု-ဝန်ကြီး ဝီဆန် တီချာတီရာဝပ် (Mr. Visarn Techateerawat) နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2013-10-31
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က အစိုးရနဲ့ ကေအိုင်အေတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ထွက်ပြေးခဲ့ကြတဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါကျေး ရွာက လူပေါင်းသုံးရာကျော်လောက်ဟာ ဗန်းမော်မြို့က ခရစ်ယာန်ဘုရားကျောင်းတွေမှာ အခုအခါ ယာယီခိုလှုံနေ ကြရပါတယ်။
2013-10-31
ရန်ကုန်မြို့က စာသင်ကျောင်းတွေနဲ့ ပေ ၁၀၀ ပတ်လည်အတွင်း ဆေးလိပ် အရောင်းဆိုင်တွေ ပိတ်သိမ်းပေးရေး တွက် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက အစိုးရထံတင်ပြသွားမယ် လို့ အာအက်ဖ်အေကို ပြောပါတယ်။
2013-10-31
ပဲခူးတိုင်းဒေသကြီးမှာ အခုရက်ပိုင်း အတွင်း မိုးကြီးလွန်းတာကြောင့် မနေ့က စပြီး တောင်ငူ၊ ရေတာရှည်နဲ့ ဆွာမြို့ နယ် ဒေသခံကျေးရွာတွေက လူပေါင်းတစ်သောင်းကျော်လောက် ရေဘေးလွတ် ရာ ပြောင်းရွှေ့နေရပြီး ရေဘေးကြောင့် လူ ၂ ဦး သေဆုံး ခဲ့ပါတယ်။
2013-10-31
မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ မနှစ်ကနဲ့နှိုင်းစာရင် ၃ဂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့သိရပါတယ်။ မနေ့ကဖြန့်ချိတဲ့ နယူးယောက်မြို့ အခြေစိုက် International Business Times နိုင်ငံတကာ စီးပွားရး အင်တာနက် အွန်လိုင်းသတင်းစာမှာ ဖော်ပြချက် အရဆိုရင် ပြီးခဲ့တဲ့ ဧပြီလကနေ အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံကနေ နိုင်ငံခြားကိုတင်ပို့ခဲ့တဲ့ ဆန်တန်ချိန်ဟာ ၄ သိန်းခွဲပဲရှိပါတယ်။
2013-10-30
မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲ မှုတွေကြောင့် နာမည်ကောင်းရနေပေမယ့် ကမ္ဘာ့ဘဏ်က အင်္ဂါနေ့မှာထုတ်ပြန်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြ နိုင်ငံများစာရင်းမှာ အောက်ဆုံးပိုင်းက ပါဝင်နေပါတယ်။
2013-10-30
ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ မြောက်ပိုင်း Bologna မြို့မှာ ဂုဏ်ထူးဆောင် Bologna မြို့သူဆုနဲ့ Aula Magna တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိက ဒေါက်တာ ဘွဲ့ကို လက်ခံခဲ့ပါတယ်။
2013-10-30
လျှပ်စစ်မီတာသုံးစွဲခတွေကို လာမယ့်နိုဝင်ဘာလကစပြီး နှစ်ဆနီးပါး တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပေမယ့် နိုင်ငံတော်အနေနဲ့ ဓါတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်တွေလျော့နည်းခဲ့ရင် ဓါတ်အားသုံးစွဲခတွေကို ပြန်လည်လျှော့ချပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်ထောင်စုလွှတ်တော်မှာ သတင်းထောက်တွေကို ဒီနေ့ပြောကြားလိုက်ပါတယ်။
2013-10-30
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တခြားပါတီတွေကို ရန်ဖက်လို့ သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်လို သဘောထားကြဖို့ ၊ ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်ဘက်လို့ သဘောထားပြီး အနိုင်ရအောင် ကြိုးစားကြဖို့ ပါတီဝင်တွေ ကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2013-10-30
အစိုးရ ဝန်ကြီးဌာနတွေအနေနဲ့ အမှန်တကယ်သုံးစွဲမယ့် ဘဏ္ဍာငွေကိုသာ တောင်းခံသင့်ပြီး မသုံးစွဲဖြစ်တဲ့ ဘဏ္ဍာငွေတွေကိုလည်း ပြန်လည် အပ်နှံသင့်တယ်လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီကိုယ်စား အဖွဲ့ဝင် ဦးကြည်တင့်က ဒီနေ့ ပြည်ထောင်စု လွှတ်တော်စည်းဝေးပွဲမှာ ပြောကြားလိုက်ပါတယ်။
2013-10-30
တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့ ကချင်ပြည်နယ ်ဒီမိုကရေစီပါတီ KSDP နဲ့ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) LNDP တို့ကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က တရားဝင်ပါတီ တည်ထောင်ခွင့်ပြုလိုက် ပါတယ်။
2013-10-30
တရုတ် မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးပြားတွေနဲ့အတူ လက်နက်တချို့ကို မနေ့ည ၉ နာရီ လောက်က မြို့အဝင် အေးရှားဝေါလ်ဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။