ဒေါ်အောင်ဆန်းစုကြည် Bologna မြို့သူဆုနဲ့ ဒဿနိက ဒေါက်တာဘွဲ့ ကို လက်ခံ


2013.10.30

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံ မြောက်ပိုင်း Bologna မြို့မှာ ဂုဏ်ထူးဆောင် Bologna မြို့သူဆုနဲ့ Aula Magna တက္ကသိုလ်ကပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဒဿနိက ဒေါက်တာ ဘွဲ့ကို လက်ခံခဲ့ပါတယ်။

ဘွဲ့ယူမိန့်ခွန်းပြောကြားခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က အတ္တ၊ ပရနဲ့ နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်နဲ့ ပြောကြားခဲ့ရာမှာ  နိုင်ငံရေးမှာ စိတ်ဓါတ်တော်လှန်ရေးလိုအပ်ပါတယ်၊ ပရကို အတ္တရှေ့မှာထားတာ စိတ်ဓါတ်တော်လှန်ရေးပါ၊ ဒါဟာမလွယ်ပါဘူး၊ ခက်ပါတယ်၊ အတ္တအရေးကြီးသလို ၊ ပရလည်း အရေးပါပါတယ်၊ လောကမှာ အတ္တဟာ ပရနဲ့ တွဲဖက်ပြီးတော့သာ ရှင်သန်ရပ်တည်ရတာပါ၊ ဒါကြောင့် နိုင်ငံရေးမှာ ပရကို ရှေ့တန်းတင် ဦးစားပေးပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့မှာ  Parma မြို့ကို သွားရောက်ပြီး ဂုဏ်ထူးဆောင်မြို့သူဆု လက်ခံမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပငါးနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလ ၂ ရက်နေ့မှာ အဆုံးသတ်မယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။