သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-12-25
ထိုင်းအစိုးရက ဒီဇင်ဘာ ၂၃ ရက်နေ့မှာအတည်ပြုလိုက်တဲ့ အလုပ်သမားအခြေခံလုပ်အားခ တိုးမြင့်တဲ့ပမာဏဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် လုံလောက်မှုမရှိဘူးလို့ ထိုင်းနိုင်ငံရောက် မြန်မာတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2024-12-25
စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မတ္တရာမြို့နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေ ဆေးကုသခွင့် မရတာကြောင့် ဒီလထဲမှာပဲ သေဆုံးသူ ငါးဆယ်ခန့် ရှိလာပြီလို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
2024-12-25
တီးတိန်မြို့နယ် စီယင်းဒေသမှာရှိတဲ့ ဘိန်းစိုက်ခင်း သုံးဧကခန့်ကို ဖျက်ဆီးလိုက်တယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ - စီယင်းရဲ့ အဖွဲ့ခေါင်းဆောင်က RFA ကို ဒီဇင်ဘာ ၂၅ မှာ ပြောပါတယ်။
2024-12-25
မြန်မာနဲ့ နယ်စပ်လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စီစဉ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း BSS News က ဒီဇင်ဘာ ၂၄ မှာ ဖော်ပြပါတယ်။
2024-12-25
ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့စီးနင်းမှုကြောင့် ကြိတ်ကွင်းရွာ အပါအဝင် ရွာသုံးရွာက ဒေသခံတစ်ထောင်ကျော် (၁,၃၄၇ ဦး) ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2024-12-25
ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့ကစပြီး ခုနစ်ရက်အတွင်း အပြီးပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်က ဖိအားပေးနေတာလို့ ဆိုပါတယ်။
2024-12-24
လာမဲ့ ၂၀၂၅ ခုနှစ်ထဲမှာ လုပ်ဖို့ရှိနေတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်မယ်လို့ NUG နဲ့ NUCC တို့က ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ပါတယ်။
2024-12-24
မူဆယ်မြို့က သိန်းသန်းချီကားကြီးကွင်းဂိုဒေါင်မှာ ပိတ်လှောင်ခံထားရသူတွေရှိသလို ရပ်ကွက်တချို့က ဂိုဒေါင်တွေမှာလည်း ပိတ်လှောင်ခံထားရသူ အများအပြားရှိတယ်လို့ TNLA က ပြောပါတယ်။
2024-12-24
၂၀၂၄ ခုနှစ်ဟာ အာဏာသိမ်းထားတဲ့ လေးနှစ်အတွင်းမှာ စစ်ရေးအပြင်းထန်ဆုံးနဲ့ တိုင်းရင်းသားတွေဘက်က အသာစီးရခဲ့တဲ့နှစ်လို့ ပြောနိုင်ပါတယ်။
2024-12-24
သာစည်ရပ်ကွက်၊ သိမ်တော်ကြီးကျောင်းဝန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
2024-12-24
တိုက်စွမ်းအားပြည့်ဝတဲ့ စစ်ရေယာဉ်ကြီးတွေ တည်ဆောက်ရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
2024-12-24
ကာကွယ်ဆေးထိုးထားပြီး နောက်ခြောက်လအထိ ကာလဝမ်းရောဂါ ကူးစက်မှုကို ခုခံနိုင်မှာ ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
2024-12-24
အိုင်ယာလန်နိုင်ငံက ဂမ်ဘီယာနိုင်ငံဘက်ကနေ ပါဝင်ခွင့်ပြုဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ လျှောက်ထားလာတာလို့ ဆိုပါတယ်။
2024-12-24
ကချင်ပြည်နယ်က မြေရှားသတ္တုထွက်တဲ့ ချီဖွေမြို့နယ်ကို KIA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့တဲ့ ပမာဏ ၈၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန (China Custom) ရဲ့ နိုဝင်ဘာလအထိ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
2024-12-24
အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က ခရစ်ယာန်ဘုရားကျောင်း တစ်ရာခန့်အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံ သုံးရာကျော်ကို ဖျက်ဆီးခဲ့တယ်လို့ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်တဲ့ ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဥ်မှာ ထည့်သွင်းပြောဆိုပါတယ်။