မြန်မာနိုင်ငံကို ကာလဝမ်းရောဂါကာကွယ်ဆေးတွေ ထိုင်းအစိုးရ ပေးပို့

RFA Burmese
2024.12.24
မြန်မာနိုင်ငံကို ကာလဝမ်းရောဂါကာကွယ်ဆေးတွေ ထိုင်းအစိုးရ ပေးပို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မြန်မာနိုင်ငံက ဝမ်းရောဂါကူးစက်ခံရသူတွေအတွက် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးတွေ ပေးပို့လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖော်ပြပါတယ်။

ပေးပို့လိုက်တဲ့ ဆေးဝါးတွေဟာ လူနာ ၂၄ဝဝ အတွက် လုံလောက်ပြီး အဲဒီအထဲမှာ ကာလဝမ်းရောဂါကာကွယ်ဆေးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီကာကွယ်ဆေးထိုးထားပြီး နောက်ခြောက်လအထိ ကာလဝမ်းရောဂါ ကူးစက်မှုကို ခုခံနိုင်မှာ ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုမြို့မှာ လူသုံးရာနီးပါး ဝမ်းရောဂါ ကူးစက်ခံထားရပြီး ထိုင်းဘက်မှာတော့ တာ့ခ်ခရိုင်အတွင်း ဝမ်းရောဂါအတည်ပြုလူနာ လေးဦး ရှိနေတယ်လို့ ဆိုပါတယ်။ ထိုင်း နှစ်ဦးနဲ့ မြန်မာ နှစ်ဦး ကူးစက်ခံထားရတာဖြစ်ပြီး သူတို့လေးဦး ဆေးကုသမှုခံယူနေတယ်လို့ သတင်းမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ ဝမ်းရောဂါကူးစက်နေတာကြောင့် နယ်စပ်တစ်လျှောက်မှာ ထိုင်းစစ်တပ်က တင်းတင်းကျပ်ကျပ် စောင့်ကြပ်ကြည့်ရှုနေကြတယ်လို့လည်း ဖော်ပြပါတယ်။

လက်ရှိမှာတော့ ထိုင်းအစိုးရက ပြည်သူတွေ ကာလဝမ်းရောဂါ ကာကွယ်ရေးအတွက် လက်ဆေးဖို့၊ ရေကိုကျိုချက်သောက်ဖို့ စတဲ့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။