တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာနိုင်ငံသား ၁၄ ဦး ထိုင်းမှာ အဖမ်းခံရ

RFA Burmese
2025.03.04
တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ မြန်မာနိုင်ငံသား ၁၄ ဦး ထိုင်းမှာ အဖမ်းခံရ ထိုင်းနိုင်ငံ ဖက်ချာဘွန်းခရိုင် (Phetchabun) မှာ လူကုန်ကူးခံရပြီး စွန့်ပစ်ထားခဲ့သည့် မြန်မာနိုင်ငံသား ၅၇ ဦးအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Khaosod Englisht

ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်မှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၁၄ ဦးကို မတ်လ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြပါတယ်။

တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့မော်တော်ယာဉ်ကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေက စစ်ဆေးချိန်မှာ ယာဉ်မောင်းက ထွက်ပြေးသွားပြီး အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ၂ ဦးကို တွေ့ရှိဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံဘုရားသုံးဆူဘက်ကနေ တစ်ဆင့် ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေဖြစ်ပြီး တစ်ဦးကို ဝန်ဆောင်ခ ဘတ်နှစ်သောင်းပေးဖို့ သဘောတူညီထားကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လို့ ဖမ်းဆီးခံရတဲ့ မြန်မာ ခုနစ်ထောင်ကျော် ရှိတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြချက်ကို စုစည်းပြီး အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို ပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁၈ ရက်နေ့အတွင်း ထိုင်းနိုင်ငံကို တရာမဝင် ဝင်ရောက်လာမှုနဲ့ မြန်မာနိုင်ငံသား ရှစ်ရာကျော် ဖမ်းဆီးခံထားရပါတယ်။

ဒီစာရင်းတွေဟာ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်ကို RFA က ပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်လည်း ပိုများနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။