သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-25
ဝိုင်းမော်မြို့နယ်က မိုင်းနား (KBC) စစ်ဘေးဒုက္ခသည်စခန်းမှာ ယေရှုခရစ်တော် မွေးဖွားလာတဲ့ ခရစ္စမတ်ဆုတောင်းပွဲကို ကျင်းပနေတာပါ။
2023-12-25
မြောက်ဦးမြို့မှာ တိုက်ပွဲဖြစ်ပြီးနောက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ရပ်ကွက်တွေထဲ ပစ်ခတ်ဝင်ရောက်လာပြီး အရပ်သား ကိုးဦးကို ဖမ်းဆီးသွားပါတယ်။
2023-12-25
မြောက်ဦးမြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ထိမှန်ပျက်စီးခဲ့ပါတယ်။
2023-12-24
လက်နက်ကြီးနဲ့ပစ်လို့ မြောက်ဦးမြို့၊ ရွာဟောင်းတော ရွာသားနှစ်ယောက် ဒဏ်ရာရပြီး တစ်ရွာလုံး ထွက်ပြေးရတယ်လို့လည်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2023-12-24
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်နဲ့ သိန္နီမြို့မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ဆယ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ MNDAA က ထုန်ပြန်ပါတယ်။
2023-12-24
ကယားပြည်နယ် (ကရင်နီပြည်) ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးမှာ အရပ်သား ၄၅ ဦး အပါအဝင် လူ ငါးဆယ်နီးပါး အစုလိုက်သတ်ဖြတ်ခံရတာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့မှာ နှစ်နှစ်ပြည့်ခဲ့ပါပြီ။
2023-12-24
မြောက်ဦးမြို့အနီးကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရတဲ့ ဒေသခံ ငါးဦးထက်မနည်းရှိလာပါတယ်။
2023-12-24
ဖြူးမြို့နယ် သစ်ဖြူဆိပ်ရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။
2023-12-24
မုံရွာမြို့၊ ကန်သာယာ ကန်ပတ်လမ်းမှာ စစ်ကောင်စီရဲ့ တိုင်းဝန်ကြီးချုပ်အပါအဝင် ဝန်ထမ်းတွေနဲ့ လမ်းလျှောက်ပွဲ ပြုလုပ်နေချိန် မနေ့မနက်ပိုင်းမှာ မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရတာကြောင့် ဝန်ထမ်း ခုနစ်ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
2023-12-24
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့က စစ်ကောင်စီတပ် ဗျူဟာမှူး အခြေချကွပ်ကဲနေတဲ့ တပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ဒီဇင်ဘာ ၂၄ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။
2023-12-23
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ရပ်ထားရတာကြောင့် လမ်းပြောင်းလဲ သွားလာနေရတဲ့အတွက် ခရီးသည်တင်ယာဉ်နဲ့ ခြောက်ဘီးကုန်တင်ယာဉ်တွေသာ သွားလာလို့ရတယ်လို့ မြဝတီ-ဘားအံ ခရီးသည်တင်ယာဉ်မောင်းတွေက ပြောပါတယ်။
2023-12-23
အိန္ဒိယနိုင်ငံ မဏိပူရ်အကျဉ်းထောင်မှာ တရားမဝင် နေထိုင်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရပြီး လွတ်ရက်စေ့နေပြီဖြစ်တဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ India For Myanmar က မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ဆီ အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုလိုက်ပါတယ်။
2023-12-23
လက်နက်ကိုင်ထားသူတွေအနေနဲ့လည်း ငြိမ်းချမ်းရေးသာလျှင် တစ်ခုတည်းသော လမ်းစဉ်ဖြစ်တာကြောင့် တိုင်ပင်ဆွေးနွေးကြဖို့ ကာဒီနယ်က တိုက်တွန်းပါတယ်။
2023-12-23
ရန်ကုန်တိုင်းထဲက စက်သုံးဆီဆိုင်အများစုမှာ ပြန်လည်တန်းစီ ဝယ်ယူနေရပြီး တချို့ဆိုင်တွေဆိုရင် ပိတ်ထားတဲ့အခြေအနေ ပြန်ဖြစ်နေပါတယ်။
2023-12-23
မြောက်ဦးမြို့ တောင်ရပ်၊ မြို့သစ်၊ ကံလှ၊ ရွှေတောင်နဲ့ ကုန်သည်တန်း ရပ်ကွက်နေ အများစု အပါအဝင် မြို့ပေါ်နေထိုင်သူ ပြည်သူတစ်ဝက်နီးပါး ကြိုတင် ထွက်ပြေးကြတာလို့ ဆိုပါတယ်။