သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-24
ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီ တပ်တွေနဲ့ ကရင်နီ လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ထွက်ပြေး ကြရင်း မိသားစုလိုက်ပါလာတဲ့ လူ ၃၀ ထက်မနည်း မီးရှို့သတ်ဖြတ်ခံလိုက်ရတယ်လို့ KNDF အဖွဲ့နဲ့ ကရင်နီ လူ့အခွင့်ရေးအဖွဲ့ကပြောကြပါတယ်။
2021-12-24
ဒီအပတ် RFA စကားဝိုင်းမှာ လေးကေ့ကော် ဒေသတိုက်ပွဲရဲ့ နောက်ဆက်တွဲအကျိုးဆက်၊ NUG အစိုးရကို ကူညီမယ့် အမေရိကန်အစိုးရဲ့ ဥပဒေတွေအပြင် စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လယ်ယာမြေတွေကို အလွဲသုံးစားရောင်းချ စီးပွားရှာနေမှုတွေကို တင်ပြထားပါတယ်။
2021-12-24
စစ်ကောင်စီကို အရေးယူဖို့နဲ့ မြန်မာ့ဒီမိုကရေစီ အရေးကို မဟာဗျူဟာမြောက်ကူညီဖို့ အချက်တွေ ပါဝင်တဲ့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ ဥပဒေပြင်ဆင်မှု မူကြမ်းကို အမေရိကန် အထက်လွှတ်တော်က အခုလ ၁၅ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
2021-12-24
နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လာရင် မီးစတစ်ဘက် ရေမှုတ်တစ်ဘက် လုပ်နေတာကို ရပ်တန်းက ရပ်ကြဖို့ မြန်မာပြည်သူတွေ တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေး လှုပ်ရှားနေတဲ့ Justice for Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2021-12-24
မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာနကို အခု ဒီဇင်ဘာ လကုန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ယာယီရပ်နားသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
2021-12-24
စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာမှာ ဒီဇင်ဘာ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF၊ CNDF ၊ CDF –KKG ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ကိုးဦး သေဆုံးခဲ့တယ်လို့ နတ်ချောင်းကျေးရွာ သားတွေက ပြောပါတယ်။
2021-12-24
ကရင်ပြည်နယ်ထဲက ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ အပါအဝင် အရပ်သား ပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတာဖြစ်လို့ ချက်ချင်းရပ်တန့်ရမယ်လို့ အမေရိကန် အပါအဝင် မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂနိုင်ငံသံရုံးတွေက ဒီဇင်ဘာလ ၂၄ ရက် ဒီကနေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက် ပါတယ်။
2021-12-24
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့ကို ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-24
စစ်ကိုင်းတိုင်း ကလေးမြို့ စမ်းမြို့ရပ်ကွက်မှာရှိတဲ့ ခရိုင်ပညာရေးမှုးရုံး ဒီဇင်ဘာ ၂၃ ရက် မနေ့ညက မီးရှို့ခံ လိုက်ရတယ်လို့ ကလေးခရိုင်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
2021-12-24
ဒီဇင်ဘာ ၂၅ ရက်နေ့ ကျရောက်မယ့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်ပွဲတော် ကို ချင်းပြည်နယ်က မြို့နယ်တွေမှာ အခုနှစ် အကျဉ်းချုံးပြီးတော့သာ ကျင်းပမယ်လို့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
2021-12-24
ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်က ဘာဒိုရွာထဲကို စစ်ကောင်စီတပ်ဘက်က ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာ ရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-24
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်ကနေ ၁၉ ရက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကုတုပလောင် ဒုက္ခသည်စခန်းနဲ့ ဘာဆန်ချာကျွန်းပေါ်က ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ပြီး၊ ဒီခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက် ပါတယ်။
2021-12-24
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဆားမှော် ကညှင်မြိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ (၃၈၃) နဲ့ ခမရ (၃၈၄) ရဲ့ တပ်စခန်းနှစ်ခုကို ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) က ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက် မနက်အစောပိုင်းက သွားရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်လို့ ကေအိုင်အိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
2021-12-23
မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ပျူစောထီးအဖွဲ့ဝင်များက မီးစတင်ရှို့ခဲ့တဲ့အတွက် နေအိမ် ၃၂ လုံး မီးလောင်ခဲ့တယ်လို့ စန်းမြို့ရွာခံတစ်ဦးက ပြောပါတယ်။ အဲဒီထဲက ၂၈ လုံးက ပြာကျသွားတယ်လို့လည်း ဆိုပါတယ်။
2021-12-23
မြန်မာစစ်ကောင်စီဟာ သူ့တပ်ကို လက်နက်အများဆုံးရောင်းချနေတဲ့ တရုတ်နဲ့ ရုရှားတို့နဲ့ ဆက်ဆံရေးကောင်းမွန်နေပြီး ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး တဲ့နောက် ရုရှားနဲ့ စစ်ရေးအရ ပိုမိုတိုးမြှင့်ဆက်ဆံလာပါတယ်။