မြန်မာ့အရေးပါဝင်တဲ့ အမေရိကန်ကာကွယ်ရေး ဥပဒေမူကြမ်းအပေါ် ဒေါက်တာဆာဆာနဲ့ မေးမြန်းချက်

2021.12.24

စစ်ကောင်စီကို အရေးယူဖို့နဲ့ မြန်မာ့ဒီမိုကရေစီအရေးကို မဟာဗျူဟာမြောက်ကူညီဖို့ အချက်တွေ ပါဝင်တဲ့ အမေရိကန် ကာကွယ်ရေးဆိုင်ရာ ဥပဒေပြင်ဆင်မှု မူကြမ်းကို အမေရိကန် အထက်လွှတ်တော်က အခုလ ၁၅ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

လက်ရှိမှာ ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ထိုးဖို့ ပေးပို့ထားပြီး လွှတ်တော်ကို ရက်ပေါင်း ၆၀ အတွင်း ပြန်တင်ပြဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီဥပဒေအတည်ဖြစ်ပြီးနောက် စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ တစ်ဆက်တည်း ပြုလုပ်နိုင်တဲ့ ဥပဒေ တွေ ဆက်ပြဌာန်းနိုင်မှာဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ NUG လို ပြည်သူ့ကိုယ်စားပြု အဖွဲ့တွေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် ငွေကြေးနဲ့ နိုင်ငံရေးအရ အကူအညီတွေ ရလာနိုင်မယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက ပြောပါတယ်။

ဒေါက်တာဆာဆာကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။