ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာက အိမ် ၃၂ လုံးကို စစ်ကောင်စီတပ် မီးရှို့

2021.12.23
ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာက အိမ် ၃၂ လုံးကို စစ်ကောင်စီတပ် မီးရှို့ ၂၀၂၁ ဒီဇင်ဘာ ၂၀ ရက်က စစ်ကောင်စီတပ် မီးရှို့ခဲ့တဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာက နေအိမ်တွေကို တွေ့ရစဉ်
Photo - Citizen Journalist

ကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ပျူစောထီးအဖွဲ့ဝင်များက မီးစတင်ရှို့ခဲ့တဲ့အတွက် နေအိမ် ၃၂ လုံး မီးလောင်ခဲ့တယ်လို့ စန်းမြို့ရွာခံတစ်ဦးက ပြောပါတယ်။ အဲဒီထဲက ၂၈ လုံးက ပြာကျသွားတယ်လို့လည်း ဆိုပါတယ်။

 ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ နေအိမ်ခြောက်လုံးကို မီးစရှို့ခံရပြီး နေ့လယ် ၂ နာရီ လောက်မှာ ဒုတိယအကြိမ် မီးထပ်ရှို့ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
 
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုချက် မရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။
 
လက်ရှိအချိန်မှာ စန်းမြို့ရွာက ရွာသား ၆၀၀ လောက် ရှောင်နေရပြီး စစ်တပ်တွေ ဝင်လာပြီးမှ မီးရှို့ခံရတယ်လို့ ပြောပါတယ်။
 
ဂန့်ဂေါမြို့ မြောက်ပိုင်းကနေ ၄၅ မိုင်လောက်ဝေးတဲ့ စန်းမြို့ရွာဟာ အိမ်ခြေ ၂၀၀ လောက်နဲ့ လူဦးရေ တစ်ထောင်ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်တပ် နဲ့ပျူစောထီး ၁၃၀ ဝန်းကျင် လောက်ဟာ စန်းမြို့ရွာကို ဝင်ရောက်တပ်စွဲခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။
 
အခုလို ဆုံးရှုံးထိခိုက်ခဲ့တဲ့အတွက် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တတ်စွမ်းသရွေ့ ကူညီမည် ဖြစ်ကြောင်းနဲ့ နိုင်ငံတဝှမ်းပြည်သူများကလည်း စစ်ကောင်စီတပ်ကို တွန်းလှန်နေတဲ့ ဂန့်ဂေါမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ဝိုင်းဝန်းကူညီကြဖို့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။