သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-24
မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အများအပြားပါဝင်တဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက ရပ်ဆိုင်းနေပါတယ်။
2022-07-24
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲမြို့ရဲစခန်းက စခန်းမှူး ရဲအုပ် ကျော်ဇင်ဝင်းကို ဇူလိုင်လ ၂၄ ရက် ဒီနေ့မနက် ၈ နာရီမှာ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-07-24
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ မေလ ၂ ရက်နေ့ကနေ ဇူလိုင် ၁၃ ရက်နေ့အထိ ရက်ပေါင်း ၇၀ ကျော်အတွင်း စစ်ကောင်စီတပ်သားတွေကြောင့် အိမ်ပေါင်း ၈၂၃ အိမ် မီးလောင်ကျွမ်းခဲ့ရတယ်လို့ အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၃ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
2022-07-24
အရေပြားရောဂါ တစ်မျိုးဖြစ်တဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အမြင့်ဆုံး သတိပေးချက်အနေနဲ့ ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေးအခြေအနေဖြစ်တယ်လို့ ဇူလိုင်လ ၂၃ ရက် မနေ့က ထုတ်ပြန်သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်း ထိုင်းနဲ့အိန္ဒိယနိုင်ငံမှာ အခုလအတွင်း မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု ရှိခဲ့တာကြောင့် မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်စရာဖြစ်နေပြီး ဒီလိုဖြစ်လာရင် စစ်ကောင်စီအနေနဲ့ ထိန်းချုပ်နိုင်မလားဆိုတာ စိုးရိမ်နေကြရပါတယ်။
2022-07-24
နိုင်ငံတကာတရားရုံး (ICJ) က မြန်မာရဲ့ကန့်ကွက်လွှာတွေကို ပယ်ချတဲ့အပေါ် စိတ်ပျက်မိတယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက် မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။
2022-07-23
စစ်ကောင်စီရေတပ်က စစ်သင်္ဘော ၁၃ စင်းပါတဲ့အုပ်စုကို ကနီမြို့နယ် ရွှေစာရေးဝဲအရောက်မှာ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တိုက်ခိုက်တဲ့ PDF အဖွဲ့ ၄ ဖွဲ့မှာ ပါဝင်တဲ့ ဒေါင်းမျိုးဆက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦး က ပြောပါတယ်။
2022-07-23
“မင်းအောင်လှိုင်လုပ်ချက်ကတော့ ကျုပ်တို့မိသားစု ဘဝပျက်ခဲ့ပြီ။ ဘဝပျက်ပြီး ဘာမှ ရစရာ မရှိတော့ဘူး၊ စစ်တပ်မီးရှို့သွားလို့ အကုန်ပါသွားပါတယ်။ ကျုပ်အိမ်လေးတန်ကြေးက ကျုပ်တို့က မြေကြီးကြက်ယက် လုပ်စားကြရတာပါ။ မြေကြီးကြက်ယက် လုပ်စားရတာကို ပါသွားရတာပါ။ မုဆိုးမပါ။ ဒီအိမ်လေးဖြစ်ဖို့ ရုန်းကန်ရတာ ကျုပ် အနှစ် ၃ဝ လောက် ရုန်းရပါတယ်”
2022-07-23
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတဲ့ အမှုနဲ့ပတ်သက်ပြီး မြန်မာဘက်က ကနဦးကန့်ကွက်ချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ပယ်ချလိုက်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုလိုက်ပါတယ်။
2022-07-23
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း ကျောက်မှော်ရွာက ဒေသခံ ၄၀ ကျော်ကို ဇူလိုင်လ ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကော်စီတပ်သားတွေ ဖမ်းခေါ်သွားတယ်လို့ ကျော်မှော်ရွာ ဒေသခံတွေက ပြောပါတယ်။
2022-07-23
နိုင်ငံတကာတရားရုံး (ICJ) က မြန်မာစစ်ကောင်စီရဲ့ ကန့်ကွက်ချက်ကို ပယ်ချလိုက်ပေမယ့် ICJ အနေနဲ့ အမှန်တိုင်း ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇူလိုင်လ ၂၃ ရက် ဒီနေ့မှာ သတင်းမီဒီယာတွေကို ပြောပါတယ်။
2022-07-23
ကလေးမြို့နယ် အရှေ့ပိုင်းဒေသဖြစ်တဲ့ ကင်မွန်းခြုံရွာအနီးမှာ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ နှစ်ရက်တာ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2022-07-23
ရန်ကုန်မြို့မှာ သဘာဝဓာတ်ငွေ့ (CNG) တွေ အလုံအလောက် မရတာကြောင့် ဇူလိုင် ၂၂ ရက် မနေ့ ညနေပိုင်းကစပြီး CNG နဲ့ပြေးဆွဲနေတဲ့ အများပြည်သူသုံး YBS ဘတ်စ်ကားတွေ အပါအဝင် အငှားယာဉ်တွေ စီးရေပြည့် မပြေးဆွဲနိုင်တာကြောင့် ခရီးသည်တွေ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။
2022-07-23
ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးလှရွှေနဲ့ ယာဉ်မောင်း ဦးမောင်ကျော်နိုင်တို့ကို ဇူလိုင်လ ၂၃ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက RFA ကို ပြောပါတယ်။
2022-07-23
ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ရဲ့ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ကော်သူးလေတပ်မတော် (KTLA) ဖွဲ့စည်းတည်ထောင်တယ်လို့ ကြေညာတာဟာ မဖြစ်သင့်ဘူးလို့ (KNLA) ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက တုံ့ပြန်လိုက်ပါတယ်။
2022-07-23
မြန်မာနိုင်ငံရဲ့ လက်ရှိ လွတ်လပ်စွာ ပြောဆိုခွင့်အခြေအနေတွေ အထူးစိုးရိမ်စရာ ကောင်းနေကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်အရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်ပြောဆိုဖို့ အထူးလိုအပ်နေပြီ ဖြစ်ကြောင်း အမေရိကန် ကလောင်ရှင်များအသင်း Pen America ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာ ညွှန်ကြားရေးမှူး Karin Deutsch Karlekar က ပြောလိုက်ပါတယ်။