သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-22
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတားရက်စ်ကလည်း သေဒဏ်အပြစ်ပေးတာဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ရာရောက်တဲ့အတွက် ဒီမိုကရေစီအရေး လှုပ်ရှားသူနှစ်ဦးကို သေဒဏ်ချထားတာ ချက်ချင်းပယ်ဖျက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောပါတယ်။
2022-06-22
ဒါဟာ မနှစ်က စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံအသင်းဝင်ခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်လို့ ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ခွင့်မရတဲ့အခြေအနေမှာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပထမဆုံးတက်ခွင့်ရတဲ့သူ ဖြစ်ပါတယ်။
2022-06-22
သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု အက်ဥပဒေနဲ့ စစ်ကောင်စီက တရားစွဲထားပြီး ပြစ်မှုထင်ရှားတယ်လို့ ဆုံးဖြတ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။
2022-06-22
ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းစ်ကို စစ်ကောင်စီ ထောက်လှမ်းရေးတွေက ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်က စားသောက်ဆိုင်တစ်ဆိုင်မှာ ဇွန်လ ၁၈ ရက်နေ့ ညနေက ဖမ်းဆီးသွားပါတယ်။
2022-06-22
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲမှာ ဇွန်လ ၂၂ ရက် ဒီနေ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ကားကို ဒေသခံ ကာကွယ်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်ပါလာသူ ၁၁ ဦး သေဆုံးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-06-22
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းက တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးတစ်ဝိုက်က ရွာတွေကို စစ်ကောင်စီတပ်က ဇွန်လ ၂၁ ရက် မနေ့ကစလို့ အင်အားသုံးပြီး ဝင်ရောက်စီးနင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-22
ပြည်နယ်လူဦးရေရဲ့ ထက်ဝက်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကယားပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ အချိန် တစ်နှစ်ကျော်တဲ့အထိ ထောက်ပံ့ကူညီမှု အလုံအလောက် မရတာကြောင့် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ တောင်ယာစိုက်ပျိုးနေကြရပါတယ်။
2022-06-22
ရခိုင်ပြည်နယ် မြောက်ဦးမြို့က အထက်တန်းကျောင်းသားသုံးဦးနဲ့ ဒေသခံ ၂၀ နီးပါးကို ဇွန်လ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းကစပြီး စစ်ကားလေးစီးနဲ့အတူ စစ်ကောင်စီတပ်သားတွေက ဖမ်းသွားတယ်လို့ မြောက်ဦးမြို့ခံတွေက RFA ကို ပြောပါတယ်။
2022-06-22
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာ မူလွန်ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက် နေ့က တာဝန်ကျရာကျေးရွာကနေ မောင်တောမြို့နယ် ပညာရေးမှူးရုံးကို ဆိုင်ကယ်နဲ့သွားတဲ့ လမ်းခုလတ် တစ်နေရာမှာ အမည်အသိအဖွဲ့တစ်ခုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။ ဒီနေ့ဆိုရင် ဖမ်းဆီးခံထားရတာ အချိန်ခုနစ်ရက် ရှိသွားပါပြီ။
2022-06-22
နေပြည်တော် မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှု ငါးမှုအတွက် နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဇွန်လ ၂၂ ရက် ဒီနေ့မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-06-22
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့နေလယ်ပိုင်းမှာ နေပြည်တော် အချုပ်ထောင် အတွင်းက သီးခြားအိမ်တစ်လုံးထဲကို ပို့ဆောင်လိုက်ပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ RFA ရဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။
2022-06-22
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းမှာ ဇွန်လ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လေးရက်အတွင်း မိုင်းနဲ့ လက်နက်ကြီး ထိမှန်တာကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့ပါတယ်။
2022-06-22
အင်းစိန်ထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရဖို့အပါအဝင် အချက်ငါးချက်လုပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-06-22
ဇွန်လ ၂၂ ရက် ဒီနေ့မနက်ပိုင်းက မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်း မဲဇလီကြိုးတံတား အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၂ ဦး ပစ်သတ်ခံရပြီး ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ တပ်ဖွဲ့ဝင် သုံးဦး အဖမ်းခံလိုက်ရပါတယ်။
2022-06-22
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးမိုးဇော်ထွန်းကို ဇွန်လ ၂၀ ရက် ညပိုင်းက မုံရွာမြို့ မြို့သစ်ရပ်ကွက်က သူ့ရဲ့ နေအိမ်မှာပဲ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားပါတယ်။