သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-24
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၃) ရပ်ကွက်မှာ နိုဝင်ဘာလ ၂၄ ရက် ဒီနေ့မနက်က အငြိမ်းစား ဗိုလ်မှူးကြီး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-24
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ အာဏာသိမ်း ၂၁ လအတွင်း တိုက်ပွဲပေါင်း ၇၈၅၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ (ISP Myanmar) က ထုတ်ပြန်ပါတယ်။
2022-11-23
လာမယ့် ၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို နော်ဝေဘက်က အသိအမှတ်မပြုကြောင်း၊ နော်ဝေမှာရှိတဲ့ ပါတီပေါင်းစုံက NUG ကို တရားဝင်အစိုးရလို သတ်မှတ်ထားကြောင်းပြောဆိုခဲ့ကြတယ်လို့ ပြောပါတယ်။
2022-11-23
နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို "အမေစု" လို့ ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ သတင်းထောက်တစ်ယောက်ဟာ သတင်းစာရှင်းလင်းပွဲအပြီးမှာပဲ အဖမ်းခံလိုက်ရပါတယ်။
2022-11-23
စစ်ကောင်စီတပ်နဲ့ ပူးပေါင်း ပျူစောထီးအဖွဲ့တွေက နိုဝင်ဘာလ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့အတွင်း မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က ရွာပေါင်း ၁၃ ရွာက နေအိမ်ပေါင်း ၁၀၆၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-23
စစ်ကောင်စီက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာကျရောက်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် လူထုလူတန်းစား အလွှာအသီးသီးက ပုဂ္ဂိုလ်တွေအတွက် ဆုတံဆိပ်နဲ့ ဘွဲ့တံဆိပ် တစ်ထောင်ကျော်ကို ပေးအပ်ချီးမြှင့်ကြောင်း ကြေညာခဲ့ပါတယ်။
2022-11-23
လယ်တော၊ ယာတောတွေထဲ ထွက်ပြေးတိမ်းရှောင်ရတာကြောင့် မြွေအန္တရာယ်နဲ့ ကြုံရတာဖြစ်သလို မြွေဟောက်ပါအဝင် အခြားအဆိပ်ရှိ မြွေအမျိုးစားတွေ အကိုက်ခံရပြီး ဒီအထဲမှာ မြွေပွေးအကိုက်ခံရမှုကတော့ အများဆုံးလို့ ဒေသခံတွေက ပြောပါတယ်။
2022-11-23
ပဲခူးတိုင်းအရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်က ရပ်ကွက်နဲ့ ရွာတချို့က ဒေသခံတွေကို စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာမှာဖြစ်တာကြောင့် ပြောင်းရွှေ့ကြဖို့ စစ်ကောင်စီတပ်ဘက်က ပြောဆိုတာတွေရှိပါတယ်။
2022-11-23
တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ မြေပြင်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တဲ့ ပင်စိမ်းခင်းရွာ တောင်ဘက်ခြမ်းနေရာကို လေကြောင်းကနေပစ်ခတ်ခဲ့သလို အနီးတစ်ဝိုက်ရွာတွေဖြစ်တဲ့ ခင်ဦးမြို့နယ်ထဲက သာဝတ္ထိ၊ မုံလှ၊ ရှားတော၊ ငါးရုံကြီးနဲ့ ကလုံရွာတွေဘက်ကိုလည်း ခြောက်လှန့်ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-23
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နဲ့ မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ သပြုခနောက်စိမ်း မိုင်းတွင်း အမှတ် (၁) နဲ့ (၂) ကို နိုဝင်ဘာလ ၂၁ ရက်နေ့ညနဲ့ ၂၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-23
ဒုက္ခသည်နှစ်ထောင်ဝန်းကျင်လောက် ထပ်တိုးလာတဲ့အတွက် ဆီဆိုင်မြို့နယ်မှာ စစ်ဘေးဒုက္ခသည် ခုနစ်ထောင်ဝန်းကျင်အထိ ရှိလာပြီလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2022-11-23
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် နနွင်းတောရွာနဲ့ ကန့်ဘလူမြို့နယ် ဖို့ကုန်းရွာတွေကို စစ်ကောင်စီတပ်သားတွေ နိုဝင်ဘာလ ၂၃ ရက် ဒီကနေ့မနက်ပိုင်းမှာ မီးရှို့နေတာကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-11-23
အလုပ်သွားရောက် လုပ်ကိုင်သူတွေထဲမှာ အမျိုးသားဦးရေ ၄၅၀၀ ကျော်နဲ့ အမျိုးသမီး ၅၁၀၀ ကျော်ရှိခဲ့တယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
2022-11-23
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် မြို့မရပ်ကွက် ၁၉ လမ်းမှာ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Generation Z Power (GZP) အဖွဲ့ဝင်လေးဦးကို အသေဖမ်းမိတယ်လို့ စစ်ကောင်စီရဲ့ မြဝတီသတင်းစာကနေ မနေ့က ဖော်ပြထားပါတယ်။
2022-11-23
မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ စခန်းမှူးဒုရဲမှူး လှဌေးနဲ့ ရဲတပ်ကြပ်ကြီး ဘဟိန်းတို့ နှစ်ဦးဟာ ရေးမြို့နယ် တူးမြောင်းအုပ်စု၊ ကျုံးလောင်းရွာသစ်အနီးမှာ နိုဝင်ဘာလ ၂၃ ရက် ဒီနေ့မနက်ပိုင်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။