သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-23
ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) အတွက် ပါဝင်လှုပ်ရှားတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ရှေ့နေ ထုံခမ်းကျင်းကို စစ်ကောင်စီက အောက်တိုဘာ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။
2021-11-23
အာဏာသိမ်း စစ်ကောင်စီက သူတို့ဖမ်းချင်တဲ့သူကို ဖမ်းလို့မရရင် မိသားစုတွေကို ဓားစာခံအဖြစ် ဖမ်းဆီးရုံတင်မက ပိုင်ဆိုင်မှုတွေကိုပါ နိုင်ငံပိုင်အဖြစ် သိမ်းဆည်းနေ တာကြောင့် လက်နက်ကိုင်ဖို့ တိုင်းရင်းသားဒေသတွေကို သွားကြသူတွေရဲ့ ကျန်ခဲ့တဲ့မိသားစုဝင်တွေဟာ သူတို့ကို သားသမီးအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာနေကြပါတယ်။
2021-11-23
ကချင်ပြည်နယ် မြစ်ဆုံဒေသအနီးမှာ ၂၀၂၁ မေလလောက်က စပြီး လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာကြောင့် ရေကြီးလာရင် မြစ်ရေလမ်းကြောင်း လွဲပြီး မြစ်ဆုံပျက်စီးသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2021-11-23
ကယားပြည်နယ် လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်က ခရစ္စတူးဘုရင် ကက်သလစ် ဘုရားကျောင်းဝင်းထဲမှာရှိတဲ့ ကရုဏာဆေးခန်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်မှာ စစ်တပ်နဲ့ရဲက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ ပါတယ်။
2021-11-23
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့မေလလောက်ကစပြီး မြစ်ဆုံနားမှာ လုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာကြောင့် ရေကြီးလာရင် မြစ်ရေ လမ်းကြောင်းလွဲပြီး မြစ်ဆုံပျက်စီးသွားမှာကို စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-11-23
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ရွေးကောက်ပွဲ မဲမသမာမှုနဲ့ အမှုနှစ်ခု ထပ်တိုးဖွင့်ထားတယ်လို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက တစ်ဆင့် စုံစမ်းသိရှိရပါတယ်။
2021-11-23
မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) အဖွဲ့ တည်ထောင်သူ ဦးအောင်နိုင်ဦးက သူအပါအဝင် ငြိမ်းချမ်းရေးဆောင်ရွက်နေသူ သုံးဦးကို NUG နဲ့ PDF အဖွဲ့တွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတာကြောင့် တားဆီးပေးဖို့ နိုင်ငံတကာသံရုံးတွေထံ တောင်းဆိုထားတဲ့ စာတစ်စောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြန့်ထွက်လာပါတယ်။
2021-11-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ - ၂၅ နဲ့ စွဲထားတဲ့အမှုအတွက် နိုဝင်ဘာ ၂၃ ရက် ဒီနေ့မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဟာ ကျန်းမာရေးကြောင့် လူကိုယ်တိုင် လာရောက်ထွက်ဆို နိုင်ခြင်းမရှိဘူးလို့ ရှေ့နေတွေနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ်။
2021-11-23
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးရွာနဲ့ နတ်ခရိုင်ရွာကြားမှာ စစ်ကောင်စီ ခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော် ရဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ် လို့ အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PARD) က ထုတ်ပြန်ပါတယ်။
2021-11-23
မန္တလေးတိုင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်နဲ့ ဖခင်ဖြစ်သူတို့ဟာ နိုဝင်ဘာလ ၂၂ ရက် မနေ့ညနေပိုင်းက အဖမ်းခံ လိုက်ရတယ်လို့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
2021-11-23
ရန်ကုန်မြို့က ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ်သုံးယောက်ကို စစ်ကောင်စီက ထောင် ၁၀ နှစ်စီ အသီးသီးချမှတ်ထားပါတယ်။ ဒါဟာ စစ်ကောင်စီဘက်က မတရားမှုကို ဆန့်ကျင်တဲ့ လူငယ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်မှုဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေ က ဝေဖန်ပါတယ်။
2021-11-23
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း မှန်တောရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် ကလေး PDF တို့ နိုဝင်ဘာ ၂၃ ရက် ဒီနေ့မနက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ ကလေး PDF အဖွဲ့က ပြောပါတယ်။
2021-11-23
ဖမ်းဆီးခံထားရတဲ့ သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်ရဲ့ အသက် ခုနစ်နှစ်အရွယ် သမီးငယ်လေးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောရေးမှာ နှစ်ရက်ကြာ ခေါ်ယူမေးမြန်းတာခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-11-23
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့က ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ PSDA စခန်းဟာ စစ်တပ်နဲ့ ဌာနေပြည်သူ့စစ် ပူးပေါင်းအဖွဲရဲ့ ဝင်ရောက်စီးနင်းခံခဲ့ရပြီး ဒေသခံတစ်ယောက် သေနတ်မှန် သေဆုံးခဲ့တယ်လို့ PSDA က ထုတ်ပြန်ထား ပါတယ်။
2021-11-23
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ငွေတိုက်စာချုပ်တွေ စတင်ဖွင့်လှစ် ရောင်းချအပြီး တစ်ရက်အတွင်း ဒေါ်လာ ၆ ဒဿမ ၃ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG ရဲ့ PVTV က သတင်းထုတ်ပြန်ထားပါတယ်။