မြစ်ဆုံမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေ

2021.11.23

■ ကချင်ပြည်နယ် မြစ်ဆုံ‌ဒေသအနီးမှာ ၂၀၂၁ မေလလောက်က စပြီး လုပ်ငန်းရှင်တွေက စက်ယန္တရားကြီး တွေနဲ့ ရွှေတူးဖော်နေတာကြောင့် ရေကြီးလာရင် မြစ်ရေ လမ်းကြောင်းလွဲပြီး မြစ်ဆုံပျက်စီးသွားမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

မြစ်ဆုံစျေးတန်းအနောက်ဘက်နဲ့ အထက်ဘက် မလိခမြစ်နဘေးမှာ မြေအောက် ပေ ၂၀၀ အနက်အထိ စက်ယန္တရားကြီးတွေနဲ့ တူးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထက်ပိုင်း မြစ်ဆုံဒေသတွင် ရွှေတူးဖော်နေသည့် လုပ်ကွက်များကို ၂၀၂၁ နိုဝင်ဘာ ၂၃ ရက်နေ့က ဆက်သွယ်ရေးဂြိုဟ်တုမှတဆင့် တွေ့ရစဉ်။ (Photo: Planet Labs Inc.)

အခု ရွှေတူးနေတဲ့နေရာဟာ မြစ်ကွေ့အနီးမှာဖြစ်ပြီး ရေစီးကြမ်းတဲ့နေရာ ဖြစ်တာကြောင့် မိုးတွင်းရေကြီးချိန်မှာ ရေလမ်းကြောင်းလွဲပြီး မြစ်ဆုံစျေးတန်းနဲ့ တန်ဖရဲရွာ ရေလွှမ်းမိုး ‌ပျောက်ကွယ်သွားမယ့် အန္တရာယ် ရှိနေတာပါ။

ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ပိုမိုပျက်စီးလာမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် မြစ်ဆုံဒေသတဝိုက်မှာသာမက ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်မှာလည်း အလားတူ ရွှေတူးဖော်တာတွေ ပိုမိုတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ဆုံဒေသမှာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ရွှေတူးဖော်မှုတွေ ရှိခဲ့ပေမဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားပြီးနောက် ရွှေတူးဖော်မှုတွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ လုပ်ငန်းရှင်တွေက ပြန်ပြီးတူးဖော်ခဲ့ကြပေမဲ့ အစိုးရက ပိတ်ပင်လိုက်ပြီးနောက် ရပ်တန့်သွားခဲ့ရာကနေ အခု စစ်တပ်က အာဏာသိမ်းပြီးနောက် ရွှေတူးဖော်မှုတွေ ပြန်ပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထက်ပိုင်း မေခနှင့် မလိခ မြစ်ဆုံဒေသကို ၂၀၂၁ နိုဝင်ဘာ ၂၃ ရက်နေ့က ဆက်သွယ်ရေးဂြိုဟ်တုမှတဆင့် တွေ့ရစဉ်။ (Photo: Planet Labs Inc.)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။