အရင်လို မစည်ကားတော့တဲ့ ကံပိုင်တည်မြို့

RFA Burmese
2023.07.04
အရင်လို မစည်ကားတော့တဲ့ ကံပိုင်တည်မြို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
RFA

တရုတ်လုပ်ငန်းရှင်တွေ၊ ကုန်ကားတွေ၊ ခရီးသည်ယာဉ်တွေနဲ့ စည်ကားပြည့်နှက်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုင်တည်မြို့ဟာ ကိုဗစ် ကာလကပ်ရောဂါနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အရင်လို မဟုတ်တော့ဘဲ တိတ်ဆိတ် ခြောက်ကပ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တစ်ရက်ကို ရာနဲ့ချီတဲ့ ကားတွေ အဝင်အထွက်ပြုလုပ်နေပေမယ့် အခုကာလတွေမှာတော့ တစ်ရက်ကို ငါးစီးကနေ ဆယ်စီးအထိသာ ကုန်တင်ကား ဝင်တော့တယ်လို့ ကံပိုင်တည်မြို့မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့အဝင်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့အဝင်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

"ကုန်ကားတွေ၊ ကားသမားတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်တွေကို သတိရမိပါတယ်။ အခုတော့ လမ်းမှာလည်း တိုက်ပွဲတွေ မကြာခဏ ဖြစ်တာ၊ ကိုဗစ်က ပြန်ထတာရယ်ကြောင့် ကုန်ကားတွေ မဝင်တော့ဘူး။ လုပ်ကိုင်စားသောက်ရတာလည်း မလွယ်တော့ဘူး။ မူးယစ်ဆေးဝါးနဲ့ ငါးပစ်ဂိမ်းတွေပဲ ပိုများလာပြီ၊ ပိုင်ရှင်မဲ့ အလောင်းဆိုလည်း ခဏခဏကို တွေ့လာရတယ်"

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့တွင်းတစ်နေရာကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကံပိုင်တည်မြို့ရဲ့ ဧကနှစ်ဆယ်ဝန်းကျင် ကျယ်ဝန်းတဲ့ ကုန်ကားယာဉ်ရပ်နားစခန်းမှာ အခုကာလမှာ ရပ်နားထားတဲ့ ကုန်ကားအပါအဝင် တရုတ်တစ်သျှူးငှက်ပျောကားဟာ အရင်ကာလတွေထက် လျော့နည်းလာတယ်လို့ ဆိုပါတယ်။

ကံပိုင်တည်မြို့ကနေ မိုင်သုံးဆယ်အကျော်မှာ တရုတ်ပြည်နယ်ရဲ့ နယ်စပ်ဂိတ် တစ်ခုဖြစ်တဲ့ ထိန်ချုံးနယ်စပ်ဂိတ် တစ်ခုလည်း ရှိနေပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့ရှိ ကုန်ကားယာဉ်ရပ်နားစခန်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကံပိုင်တည်မြို့ရှိ ကုန်ကားယာဉ်ရပ်နားစခန်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကံပိုင်တည်မြို့မှာ ရပ်ကွက် သုံးရပ်ကွက်၊ ကျေးရွာအုပ်စု သုံးစုနဲ့ ကျေးရွာပေါင်း သုံးဆယ်ကျော်ရှိနေပြီး ၂၀၁၄ ခုနှစ်က မြို့နယ်ခွဲအဆင့်ကနေ "မြို့"အဆင့်ကို ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။