KIO ထိန်းချုပ်နယ်မြေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်

RFA Burmese
2023.05.06
KIO ထိန်းချုပ်နယ်မြေက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်း လာရောက်ကြည့်ရှုသူများအား ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေတွေမှာ ကျင်းပခဲ့တဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို မေလ ၆ ရက်ဒီနေ့မှာ ထုတ်ပြန်ခဲ့ပြီး အောင်ချက် ၅၂ ဒသမ ၄၅ ရာခိုင်နှုန်းရှိတယ်လို့ KIO ပညာရေးဌာန စာရင်းတွေအရ သိရပါတယ်။

(Photo: RFA)
(Photo: RFA)

အခုနှစ်ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားပေါင်း ၂၇၃၅ ဦးဖြေဆိုခဲ့ပြီး အောင်မြင်သူ ၁၄၃၇ ဦး ရှိတယ်လို့ အဲဒီစာရင်းတွေမှာ ဖော်ပြထားပါတယ်။

(Photo: RFA)
(Photo: RFA)

KIO ထိန်းချုပ်နယ်မြေတွေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်ပါတယ်။

(Photo: RFA)
(Photo: RFA)

KIO ကျောင်းတွေမှာ ပညာသင်ကြားခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ မြန်မာကျောင်းမှာဖြေဆိုရတဲ့ ဘာသာရပ်အားလုံးအပြင် ကချင်ဘာသာရပ်ကိုပါ ဖြေဆိုရတာပါ။

(Photo: RFA)
(Photo: RFA)

၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကတော့ ဖြေဆိုသူ ၂၁၈၈ ဦးရှိခဲ့တဲ့အနက် အောင်မြင်ခဲ့သူ ၁၆၀၈ ရှိခဲ့ပြီး အောင်ချက် ၇၀ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။