ကလေးမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ငါးဦး သေ

2021.11.23
ကလေးမှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ငါးဦး သေ ဒေသကာကွယ်ရေးတပ် ကလေး PDF တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: PDF - Kalay

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း မှန်တောရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ် ကလေး PDF တို့ နိုဝင်ဘာ ၂၃ ရက် ဒီနေ့မနက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ ကလေး PDF အဖွဲ့က ပြောပါတယ်။

ကြံသာရွာကနေ လမ်းလျှောက်ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၅ ယောက်ကို မှန်တောရွာ အကျော်မှာ အနီးကပ် ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကလေး PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့တောင်ပိုင်း ဟံသာဝတီရွာမှာ စစ်ကောင်စီတပ်ဖွဲ့တို့ စခန်းချထားပြီး မှန်တောနဲ့ ကြံသာရွာတွေ ဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း ကလေးမြို့ ကျောက်ပြုတ်ရွာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက် က အနည်းဆုံး ငါးဦး သေဆုံးကာ ကလေး PDF က နှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က ကလေး PDF တပ်ရင်း (၃) ကို စစ်ကောင်စီက အင်အားသုံး ဖြိုခွင်းခဲ့ပြီး အမျိုးသမီး ရဲမေတွေ အဖမ်းခံရပြီးနောက် ကလေးမြို့နယ်တစ်ဝိုက်မှာ တိုက်ပွဲတွေ ခပ်စိတ်စိတ် ပြန်ဖြစ်လာ နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။