NUG ရဲ့ ငွေတိုက်စာချုပ်တွေ တစ်ရက်အတွင်း ဒေါ်လာ ခြောက်သန်းကျော် ရောင်းချနိုင်ခဲ့

2021.11.23
NUG ရဲ့ ငွေတိုက်စာချုပ်တွေ တစ်ရက်အတွင်း ဒေါ်လာ ခြောက်သန်းကျော် ရောင်းချနိုင်ခဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ငွေတိုက်စာချုပ် နမူနာတွေကို တွေ့ရစဉ်
Photo: www.unitedbonds-nug.org

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ငွေတိုက်စာချုပ်တွေ စတင်ဖွင့်လှစ်ရောင်းချအပြီး တစ်ရက်အတွင်း ဒေါ်လာ ၆ ဒဿမ ၃ သန်းဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG ရဲ့ PVTV က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၉ နာရီမှာ စတင်ရောင်းချမယ်လို့ ကြေညာခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် နေ့လယ် ၂ နာရီမှာမှ ရောင်းချနိုင်ခဲ့ပါတယ်။

အဲဒီငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖိုး ရောင်းချဖို့ စီစဉ်ထားပြီး ရလာတဲ့ငွေတွေကို အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ NUG ရဲ့ စီမံကိန်း ဘဏ္ဍာရေး နဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ငွေတိုက်စာချုပ်တွေဟာ ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၅၀၀၀ အထိရှိပြီး ဝက်ဘ်ဆိုက်က တစ်ဆင့် ဝယ်ယူ နိုင်မှာ ဖြစ်ပါတယ်။

ငွေတိုက်စာချုပ်ဆိုတာဟာ အစိုးရက ငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ရောင်းချလေ့ရှိပြီး ဝယ်ယူသူ တွေဆီက ငွေချေးယူတဲ့ သဘောမျိုးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

‌အောင်ခင်
2021-11-23 20:11

"ငွေတိုက်စာချုပ်တွေဟာ ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၅၀၀၀ အထိရှိပြီး ဝက်ဘ်ဆိုက်က တစ်ဆင့် ဝယ်ယူ နိုင်မှာ ဖြစ်ပါတယ်။ " ဟုဖော်ပြ ထားပါသည်။ ဘယ်ဝက်ဘ်ဆိုက် တွင်ဝယ်ယူ ရန်ကို တော့ မဖေါ်ပြ ထားပါ။