သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-11-23
ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်း က ကျောင်းသူ ကျောင်းသား ၅၀ ပညာသင် ကြားဖို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အခြေစိုက် ပြည်သူ့တက္ကသိုလ် University of the People က လက်ခံလိုက်ပြီး ကျောင်းသူ၊ ကျောင်းသားတွေကို Online ကနေပြီး Online University (အွန်လိုင်း တက္ကသိုလ်) အနေနဲ့ အခမဲ့ သင်ကြားပို့ချပေးသွားမယ်လို့ သိရပါတယ်။
2016-11-23
တရုတ်၊ မြန်မာနဲ့ ထိုင်းတို့ပါဝင်မယ့် သံလွင်မြစ်ကော်မရှင်ကို ဖွဲ့စည်းဖို့အတွက် သံတမန် လမ်းကြောင်းက ဆက်သွယ်ဆောင်ရွက်ပေး ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် က ပြောပါတယ်။
2016-11-23
မြန်မာ - အိန္ဒိယ နယ်စပ်ဈေးဖြစ်တဲ့ တမူးမြို့နယ်က နန်းဖာလုံဈေးမှာ အိန္ဒိယအစိုးရက သိမ်းဆည်းလိုက်တဲ့ ရူပီးငွေ ၅၀၀ တန်နဲ့ ၁၀၀၀ တန်တွေကို မြန်မာကုန်သည်တွေဆီကနေ အိန္ဒိယနိုင်ငံသားတွေက ၂၀ ရာ ခိုင်နှုန်းလောက် ဈေးနှိမ် ပြီး ပြန်လည်ဝယ်ယူနေတယ်လို့ ကုန်သည်တွေက ပြော ပါတယ်။
2016-11-23
ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာန ချုပ်မှာ ဒီကနေ့မနက်က တပ်မတော် ပိုင် လေယာဉ်တစ်စီး မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့တယ်လို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
2016-11-23
လက်ရှိကျင့်သုံးနေတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို ဘဝင်မကျဘူးလို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
2016-11-23
ကောလာဟလတွေကြောင့် မူဆယ်ခရိုင် က ပြည်သူတွေအနေနဲ့ နေအိမ်တွေကို မစွန့်ခွာကြဖို့ မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က မေတ္တာရပ်ခံ ပန်ကြားချက်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။
2016-11-22
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်ကနေ ကွတ်ခိုင်ကိုသွားတဲ့ ပြည်ထောင်စုလမ်းမတလျှောက်မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ကြား ဒီနေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့တယ်လို့ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။
2016-11-22
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် နေ့လည် ၁၁ နာရီဝန်းကျင်ကစပြီး မူဆယ်မြို့ပါ်က ဈေးဆိုင်တွေ၊ အိမ်တွေ ပိတ်ထားပြီး မြို့တစ်ခုလုံးမှာ လူအသွားအလာ မရှိသလောက်ဖြစ်နေတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
2016-11-22
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ TNLA (တအာင်းအဖွဲ့)၊ KIA (ကချင်အဖွဲ့)နဲ့ MNDAA (ကိုးကန့်အဖွဲ့) တို့ရဲ့ တိုက်ပွဲတွေကြောင့် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပူပင်စိုးရိမ်စရာဖြစ်လာနေတယ်လို့ ပြောကြပါတယ်။
2016-11-22
တရုတ်အစိုးရက အခုလတ်တလော မြန်မာ နယ်စပ်အနီးမှာ ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေကြောင့် မိမိတို့နိုင်ငံကို မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေ ၃ဝဝဝ ကျော်ရှိနေပြီလို့ အင်္ဂါနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
2016-11-22
ပြင်သစ်အစိုးရက ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီအဖြစ် ရှိပြီးသားပံပိုးမှုတွေအပြင် ယူရိုငွေ ၂ သိန်း ထပ်မံလှူဒါန်းမယ်လို့ မနေ့က ကြေညာ လိုက်ပါတယ်။ မောင်တောဒေသက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ကူညီရေးအတွက် အဲဒီပံပိုးမှုတွေကို ရခိုင်ပြည်နယ်ရှိ ပြင်သစ်လူမှုရေးအဖွဲ့တခုကတဆင့် ပေးအပ်မယ်လို့ သိရပါတယ်။
2016-11-22
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေတာကို နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုရှိတဲ့ အချိန် သင့်လျော်တဲ့ကာလမှာ ဥပဒေနဲ့အညီ ဆောင်ရွက် သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမြင့်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2016-11-22
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ချင်းတွင်းမြစ်ရိုးတလျှောက်မှာ ကုမ္ပဏီ ၁၀၀ ကျော်ရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပျက်စီးဆုံးရှုံးတာ၊ လူငယ်တွေ မူးယစ်ဆေးဝါး သုံးစွဲတာတွေ များလာတာကြောင့် ရွှေ တူးဖော်မှုတွေ ရပ်ဆိုင်းပေးဖို့ ဒေသခံတိုင်းရင်းသားတွေ က တောင်းဆိုလိုက်ပါတယ်။
2016-11-22
မြန်မာနိုင်ငံမှာ အိမ်အကူအလုပ်သမားတွေ နဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ် ရေးဆွဲပြ ဌာန်းဖို့ လိုအပ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
2016-11-22
တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ကို တိုက်ခိုက်မှုတွေ ပြုလုပ်မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ဒီနေ့ နေ့လည် ၁၁ နာရီဝန်းကျင်ကစပြီး မူဆယ်မြို့ပေါ် က ဈေးဆိုင်တွေနဲ့ နေအိမ်တွေ အားလုံးပိတ်ထားကြပြီး ညနေပိုင်းမှာ မြို့ပေါ်အခြေအနေ ပြန်လည်တည်ငြိမ်နေတယ် လို့ မူဆယ်မြို့ခံတွေက ပြောပါတယ်။