ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ ငွေစက္ကူသစ်တွေကို စီးပွားရေးတည်ငြိမ်မှုရှိချိန်မှာ ထုတ်ဝေမည်


2016.11.22
soemyint-central-bank-620.jpg ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငွေစက္ကူသစ် ရိုက်နှိပ်ဖို့ကိစ္စ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမြင့် နိုဝင်ဘာလ ၂၂ ရက်နေ့ ပြည်သူ့လွှတ်တော် မှာ ဖြေကြားစဉ်
.

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ငွေစက္ကူသစ် ရိုက်နှိပ်ထုတ်ဝေတာကို နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုရှိတဲ့အချိန် သင့်လျော်တဲ့ကာလမှာ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

သရက်မဲဆန္ဒနယ်က ဦးကံမြင့် က "မြန်မာပြည်တစ်ဝန်းမှာ ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူအမျိုးမျိုးပေါ်က တံဆိပ်ရုပ်ပုံတွေအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ ငွေစက္ကူတွေနဲ့ အစားထိုးရိုက်နှိပ်ထုတ်ဝေသုံးစွဲဖို့ အစီအစဉ် ရှိ မရှိ" ဆိုတဲ့ မေးခွန်းအပေါ် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"နိုင်ငံစီးပွားရေး တည်ငြိမ်တဲ့အချိန်မှာ အနှောက်အယှက်မဖြစ်စေနိုင်တဲ့ သင့်လျော်သောကာလမှာ ပုဒ်မ ၆၅နဲ့ ၆၆ ပါပြဌာန်းချက်များနဲ့ အညီဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ ငွေစက္ကူဒီဇိုင်းရေးဆွဲခြင်း၊ ဒီဇိုင်းအတည်ပြုခြင်း၊ မှာကြားခြင်း၊ ရိုက်နှိပ်ခြင်း၊ ကြိုတင် သိုလှောင်ထားစရာလုပ်ငန်းစဉ်များရှိတဲ့အတွက် အချိန်ကာလတိကျစွာ သတ်မှတ်နိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"

ဒါ့အပြင် ငွေစက္ကူအသစ်တွေ ထုတ်ဝေမယ်ဆိုရင် ငွေစက္ကူပေါင်း ဘီလျံ ၃၀၀ ခန့် ကုန်ကျဖွယ်ရှိနိုင်မှာဖြစ်ပြီး ပုံစံသစ်ငွေစက္ကူတွေ ထုတ်ဝေမယ်ဆိုရင်လည်း လက်ရှိလှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ဖျက်ဆီးဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။