မူဆယ်မြို့ အခြေအနေ မေးမြန်းချက်
2016.11.22
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် နေ့လည် ၁၁ နာရီဝန်းကျင်ကစပြီး မူဆယ်မြို့ပါ်က ဈေးဆိုင်တွေ၊ အိမ်တွေ ပိတ်ထားပြီး မြို့တစ်ခုလုံးမှာ လူအသွားအလာ မရှိသလောက်ဖြစ်နေတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။
မူဆယ်မြို့ရဲ့ လက်တလောအခြေအနေကို မူဆယ်မြို့ ဟိုမွန်ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကို ဒီနေ့နေ့လည် ၂နာရီဝန်းကျင်က RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။