သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-27
ကယားပြည်နယ်ထဲမှာ လူ ၃၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုနဲ့ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး Martin Griffiths က ဒီဇင်ဘာ ၂၆ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2021-12-27
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်ရဲ့ တိုက်ပွဲတွေကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက နေရပ်စွန့်ခွာပြီး ရန်ကုန်မြို့ကို ထွက်ပြေးလာရတဲ့ ပလက်ဝမြို့နယ်က ချင်းစစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိ စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
2021-12-27
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ တရားရုံးချိန်းမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က အွန်လိုင်းဗီဒီယိုစနစ်နဲ့ သက်သေထွက်ဆို ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-27
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှုတွေထဲက အမှုနှစ်ခုကို ဒီနေ့ နေပြည်တော်က တရားရုံးမှာ အမိန့်မချဖြစ်ဘဲ ဇန်နဝါရီလ ၁၀ ရက်ကို ဒုတိယအကြိမ်မြောက် ထပ်မံ ရွှေ့ဆိုင်းလိုက်ပါတယ်။
2021-12-26
ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်တွေရဲ့ မီးရှို့တိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အနည်းဆုံး လူ ၃၈ ဦး သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး အပြစ်တင်ရှုတ်ချတယ်လို့ နိုင်ငံတကာ လူသားချင်း စာနာမှု ကူညီရေး အဖွဲ့တစ်ခုဖြစ်တဲ့ CARE International အဖွဲ့က မနေ့ကပဲ ကြေညာချက်ထုတ် ပြန်ခဲ့ပါတယ်။
2021-12-26
ဒီဇင်ဘာလ ၂၂ ရက်နေ့ ကနေ ၂၄ ရက်အတွင်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ သထုံခရိုင်ထဲမှာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲ ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က မနေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။
2021-12-26
ကရင်ပြည်နယ်အတွင်း အခုတလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံတာ့ခ်ခရိုင် မဲဆောက်ဒေသအတွင်း မြန်မာဘက်က ဝင်ရောက်လာတဲ့သူပေါင်း ငါးထောင်ကျော်ရှိနေပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2021-12-26
တောင်အာဖရိကနိုင်ငံက အသားရောင်ခွဲခြားမှုတိုက်ဖျက်ရေး ဦးဆောင်လှုပ်ရှားသူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီးဒက်စ်မွန်တူးတူး (Desmond Tutu) ဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကွယ်လွန်သွားပါတယ်။
2021-12-26
ကရင်ပြည်နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လေးကေ့ကော်ဒေသ မယ်ဝါးခီးစခန်းကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၅ ရက် နေ့လည်ပိုင်းကနေ ညနေပိုင်းအထိ ရဟတ်ယာဉ်လေးစီးနဲ့ ၇ ကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-12-26
မြဝတီမြို့နယ် တောင်ပိုင်း လေးကေ့ကော်မြို့သစ်တစ်ဝိုက်မှာ ဒီဇင်ဘာ ၂၃ ရက်က စလို့ စစ်ကောင်စီရဲ့ သုံးရက်တာ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်၊ သေဆုံးရသလို စစ်ဘေးဒုက္ခသည် အရေအတွက်ဟာလည်း ငါးထောင်နီးပါး ထပ်တိုး လာတယ်လို့ အဲဒီဒေသမှာ ရောက်နေသူတွေက ပြောပါတယ်။
2021-12-26
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မြောက်အင်းရွာကို ဒီဇင်ဘာလ ၂၆ ရက် ဒီနေ့ စစ်ကောင်စီတပ်သားတွေ ဝင်လာပြီးတဲ့နောက် နေအိမ်ခြောက်လုံးထက်မနည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-26
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပတ်ကူးရွာအနီး ဒီဇင်ဘာလ ၂၄ ရက်နေ့က ကိုဝေဖြိုးအောင်ဟာ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ် လို့ စစ်ကောင်စီက ထုတ်ပြန်တာကို နွားထိုးကြီးမြို့နယ် PDF က အဖွဲ့က ငြင်းဆိုလိုက်ပါတယ်။
2021-12-25
ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ ဒီဇင်ဘာ ၂၄ ရက်က အရပ်သားတွေ မီးရှို့အသတ်ခံရတဲ့ဖြစ်စဉ်မှာ Save The Children က ဝန်ထမ်း နှစ်ယောက် ပျောက်ဆုံးနေတယ်လို့ Save The Children Myanmar က ထုတ်ပြန်ပါတယ်။
2021-12-25
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ စစ်တပ်က လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်ရင်းကနေ သက်ကြီး ရွယ်အို သုံးဦး သေဆုံးခဲ့ရတယ်လို့ နှမ်းခါး ရွာသားတွေက ပြောပါတယ်။
2021-12-25
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ဘုန်းကြီးအတုတွေကို စစ်ကိုင်းနဲ့ မကွေးတိုင်းထဲမှာ စစ်အင်အား တိုးချဲ့ဖို့နဲ့ ရိက္ခာသယ်ဖို့ လုပ်နေတဲ့အတွက် ဘာသာရေးကို ခုတုံးလုပ် အသုံးချနေတာကြောင့် သတိထားကြဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။