သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-08-16
မြန်မာနိုင်ငံဟာ အင်ဒိုနီးရှား လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းအမှားကို မလိုက်ဖို့ သတိပေးလိုတယ်လို့ အင်ဒိုနီးရှား လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ရာဖန်ဒီ ဂျာမင်က ပြောကြားလိုက်ပါတယ်။ မြန်မာပြည်ဟာ အင်ဒိုနီးရှားပြုခဲ့တဲ့ အမှားမျိုးတွေကို ထပ်မလုပ်မိအောင် သင်ခန်းစာယူ ရှောင်ကွင်းနိုင်ပါတယ်၊ အင်ဒိုနီးရှားမှာ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေအတွက် တရားမျှတအောင် မဆောင်ရွက်နိုင်ခဲ့ပဲ ဖြစ်ခဲ့ရတယ်၊ လူ့အခွင့်အရေး ဖောက်ဖျက် ကျူးလွန်ခဲ့တယ် ဆိုတဲ့သူတွေဟာ အစိုးရအဖွဲ့မှာ ထိပ်တန်းနေရာတွေ ရနေကြပြီလို့ ရာဖန်ဒီ ဂျာမင်က ဆိုပါတယ်။
2010-08-15
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် သဗျာကျေးရွာမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဝါဆိုသင်္ဃန်း ကပ်လှူတဲ့ပွဲမှာ ပါဏာတိပါတာကံ (သူတပါး အသက်ကိုသတ်ခြင်း) ကျူးလွန်တာနဲ့ပတ်သက်တဲ့ တရား ဟောကြားခဲ့တဲ့ ဆရာတော်တပါးကို သြဂုတ်လ (၉) ရက်နေ့က ခရိုင်အဆင့် အာဏာပိုင်တွေက သိက္ခာချ လူဝတ်လဲခိုင်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
2010-08-15
ရန်ကုန်မြို့မှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေတဲ့ Modern Times ဂျာနယ်ကို စစ်အစိုးရက ထုတ်ဝေခွင့် သီတင်းတပတ် ပိတ်ပင်လိုက်တယ်လို့သိရပါတယ်။
2010-08-15
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားကြပါတယ်။
2010-08-15
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ သြဂုတ်လ ၁၄ ရက်နေ့ မနက် လင်းအားကြီးအချိန်က ဗုံးတလုံး ပေါက်ကွဲခဲ့သလို အစိုးရရုံးတရုံးရှေ့ မှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
2010-08-15
နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင် မလုပ်နိုင်ဘဲနဲ့ တရားဝင်တဲ့ ရွေးကောက်ပွဲအဖြစ် ကမ္ဘာက ရှုမြင်မှာမဟုတ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့ အီးယူ က မြန်မာစစ်အစိုးရ ကို စနေနေ့က ပြောဆိုလိုက်ပါတယ်။
2010-08-14
စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2010-08-14
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကငွေထုတ်ချေးပြီး မဲထည့်ဖို့ စည်းရုံးနေတာကို ပြန်ပြောမိ တဲ့အတွက် ရန်ကုန်တိုင်း လှည်းကူး မြို့နယ်၊ ဝါးရုံစွန်းကျေးရွာက ကိုဇော်မင်းဦးဆိုသူ လယ်သမားတဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိပါတယ်။
2010-08-13
မြန်မာစစ်အစိုးရက နိုဝင်ဘာလ (၇ ) ရက်နေ့ကို ရွေးကောက်ပွဲ ကျင်းပဖို့ ကြေညာလိုက်တဲ့နောက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက မြန်မာစစ်အစိုးရကို အပြောသက်သက် မဟုတ်ဘဲ ထိရောက်တဲ့ အရေးယူမှုတွေ ပိုပြီးလုပ်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးဝင်းတင်က ပြောဆိုလိုက်ပါတယ်။
2010-08-13
လာမယ့် နိုဝင်ဘာလ (၇) ရက် တနင်္ဂနွေနေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ မြန်မာစစ်အစိုးရက ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း က သတိနဲ့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။
2010-08-13
မန္တလေးတိုင်း မိတ္ထီလာမြို့က အင်န်အယ်ဒီ လူငယ်အဖွဲ့ဝင် ကိုတင်ကိုဟာ မန္တလေး အိုးဘိုထောင်ကနေ ဩဂုတ်လ ၁၃ ရက် ဒီကနေ့ မနက် ပြန်လွတ် လာပါတယ်။ ထောင်က လွတ်လာပြီးလို့ မကြာခင်မှာပဲ သူ့အနေနဲ့ နိုင်ငံရေး ဆက်လုပ်မယ်လို့ RFA ကို ပြောပါတယ်။
2010-08-13
အကြမ်းဖက်မှုတွေကို ငွေကြေး ပံ့ပိုးပေးနေတယ်လို့ သံသယဖြစ်စရာ နိုင်ငံတွေအပေါ် အရေးယူရေး နိုင်ငံတကာ စီမံချက်တရပ်အရ တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို ဒေါ်လာငွေ လွှဲပြောင်းတဲ့ လုပ်ငန်းယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယား ဘဏ်တခုက ဩဂုတ်လ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ် ။
2010-08-13
ရွေးကောက်ပွဲ ကော်မရှင်ကနေ မဲဆန္ဒနယ်မြေ စာရင်းတွေ သြဂုတ်လ ၁၂ ရက် မနေ့က ထုတ်ပြန်ကြေညာလိုက်ပြီးလို့ နာရီပိုင်းအတွင်းမှာပဲ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave) အဖွဲ့ဝင်တွေနဲ့ တက်ကြွသူ လူငယ်တချို့က ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ မဲမပေးပဲနေပိုင်ခွင့်ရှိတယ်ဆိုတဲ့ အသိပေး ပိုစတာတွေ လိုက်ပြီး ကပ်ခဲ့ကြပါတယ်။
2010-08-13
မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေး လမ်းညွှန်မြေပုံ ၇ ချက်ထဲက နောက်ဆုံးအဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပသွားမယ်လို့ စစ်အစိုးရပိုင် သတင်းဌာနတွေက သြဂုတ်လ ၁၃ ရက် ဒီကနေ့ မနက်ပိုင်းမှာ ကြေညာလိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
2010-08-13
ရွေးကောက်ပွဲ ပြင်ဆင်မှုတွေကြောင့် ပြည်နယ်ဒေသတွေမှာ တိုက်ပွဲတွေ များပြားလာပါတယ်။