အင်ဒိုနီးရှား အမှားကို သင်ခန်းစာယူဖို့ မြန်မာကို လူ့အခွင့်အရေးအဖွဲ့ သတိပေး
2010.08.16

(Photo: AFP)
သူဟာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်မှာ အင်ဒိုနီးရှား နိုင်ငံ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်၊
ရာဖန်ဒီ ဂျာမင်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ် ကင်တားနားနဲ့ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံခဲ့စဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်၊ မစ္စတာ ကင်တာနား ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လူ့ အခွင့်အရေး တိုးတက် ထွန်းကားအောင ်ဆောင်ရွက်နေပုံ နဲ့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီနိုင်ငံ အဖြစ် အသွင်ကူးပြောင်းပုံတွေနဲ့ ပတ်သက်ပြီး အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်၊