ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေထုတ်ချေးတာကို စောဒကတက်မိလို့ အဖမ်းခံရ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကငွေထုတ်ချေးပြီး မဲထည့်ဖို့ စည်းရုံးနေတာကို ပြန်ပြောမိ တဲ့အတွက် ရန်ကုန်တိုင်း လှည်းကူး မြို့နယ်၊ ဝါးရုံစွန်းကျေးရွာက ကိုဇော်မင်းဦးဆိုသူ လယ်သမားတဦး ဖမ်းဆီးခံရကြောင်း သတင်းရရှိပါတယ်။

2010.08.14
thugs_drag_protesters_305_Z စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းများ ငါးဆအထိ ရုတ်တရက် မြှင့်တင်လိုက်ခြင်းကြောင့် ဆန္ဒပြသူများကို ၂၀ဝ၇ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ စွမ်းအားရှင်အဖွဲ့ စသော စစ်အစိုးရက ဖွဲ့စည်းပေးထားသည့် အသင်းအဖွဲ့များက အတင်းဝင်ရောက် ဖမ်းဆီးပြီး ကားများပေါ်သို့ ဆွဲတင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

သြဂုတ်လ ၁၃ ရက်နေ့က လှည်းကူးမြို့နယ် ဝါးရုံစွန်းကျေးရွာကို မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးလှသန်းနဲ့အဖွဲ့ ရောက်လာပြီး တောင်သူလယ်သမားတွေနဲ့ လက်လုပ်လက်စား လယ်ကူလီ စုစုပေါင်း သုံးရာလောက်ကို စိုက်ပျိုးစရိတ်ငွေ ထုတ်ချေးပေးမယ်ဆိုပြီး ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်းမှာ လူစုခိုင်းခဲ့ပါတယ်။

ကျေးရွာ၊မြို့နယ် အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကို ကျပ်ငွေ ၂ သိန်းကနေ ၄ သိန်းအထိ ထုတ်ချေးပေးပြီး အများစုကိုတော့ ကျပ်ငွေ တသောင်း၊ နှစ်သောင်းလောက်သာ ထုတ်ချေးခဲ့တာပါ။ အတိုးနှုန်းကတော့ ငွေတရာကို တကျပ်ခွဲနှုန်း ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီလို မမျှတတဲ့ ချေးငွေပုံစံကို  မကျေနပ်တဲ့အတွက် ကတောက်ကဆ ပြန်ပြောမိတဲ့ ဝါးရုံစွန်းရွာသား ကိုဇော်မင်းဦး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ကြောင်း လယ်သမားအရေး အကူအညီပေးနေတဲ့ ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ရှေ့နေ ဦးအေးမြင့်က ပြောပါတယ်။

ဒီကိစ္စအတွက် လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့်က ကူညီဆောင်ရွက်ပေးနေပြီး အထက် အာဏာပိုင်တွေကို တိုင်တန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့ ကိုဇော်မင်းစိုးကို ဒါးပိန်ရဲစခန်းကနေ လှည်းကူးမြို့နယ် ရဲစခန်းကို ပို့လိုက်တယ်လို့ရွာသားတွေက ပြောတဲ့အခါ လှည်းကူးရဲစခန်းကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် သူတို့ အချုပ်သားစာရင်းထဲမှာ ကိုဇော်မင်းဦး နာမည် မရှိသေးကြောင်း တာဝန်ကျ အရာရှိတဦးက ဖြေဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဝါးရုံစွန်းကျေးရွာ လယ်သမားတဦးကို ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-08-15 15:22

သတင်းထူးများကို အမြဲတမ်း လွယ်လင့်တကူဖတ်လိုပါသည်။ ပို့ပေးပါ